စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, August 6, 2012

AIO အဖွဲ့ဝင်ဟောင်း တစ်ဦး ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ကွယ်လွန်


ထွန်းထွန်း

ရခိုင်ပြည်လွတ်လပ်ရေး အဖွဲ့ (AIO) အဖွဲ့ဝင် ဟောင်းတဦးဖြစ်သူ ဦးမောင်ကျော်အေးသည် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ ကော့စ်ဘဇားမြို့တွင် သြဂုတ်လ ၅ရက်နေ့ တွင်ကွယ်လွန် အနိစ္စ ရောက်သွားခဲ့သည်။

“ မနေ့ မနက် ၁၀ နာရီကျော်လောက်မှာ သူ့အိပ်ရာမှာ လဲနေရင်း အသက်ဆုံးသွားတာဖြစ်ပါတယ်။ အိမ်သားတွေ တောင်မသိလိုက်ဘူး။ မသေခင် ( ၄)လအရင်က ဆေးရုံးကိုသွားပါတယ်။ ဆရာဝန်က စစ်ဆေးချက်အရ သူ့မှာ ကျောက်ကပ် တွေအကုန်လုံး လိုလိုမရှိတော့ဘူး။ သုံးလလောက်ပဲ ခံတော့မယ်ပြောပေမဲ့ ခု (၄)လအထိတော့ အသက်ရှည်ခဲ့တယ်။ အသက်ဆုံးမဲ့အချိန်မှာ ဘာအခက် အခဲမှ မရှိခဲ့ဘူး။ သူ့ဟာနဲ့သူ ဘ၀တပါးကိုပြောင်း သွားတယ်။ အေးအေးဆေးဆေး ဆုံးသွားတော့ ကံကောင်းတယ်လို့ ပြောလို့ရတယ်”ဟု ဦးမောင်ကျော်အေး အသက်ဆုံးသွားပုံနှင့် ပတ်သက်ပြီး အိမ်ရှင် မိသားစုက နိရဉ္စရာသို့ ပြောသည်။

ကွယ်လွန်သူ ဦးမောင်ကျော်အေး အသက် (၆၄)နှစ် ရှိပြီး သူသည် ၁၉၇၀ ခုနှစ် ၀န်းကျင်လောက်ကပင် တော်လှန်ရေး လုပ်ခဲ့သည်ဟု နယ်သာလန်နိုင်ငံတွင် နေထိုင်သူ ညီဖြစ်သူ ဦးချစ်မောင် ပြောသည်။

“၁၉၇၀ ပတ်ဝန်းကျင်က AIO မှာ ကိုထွန်းရွှေမောင်၊ ကိုကျော်လှိုင်၊ ဒေါက်တာ ခင်မောင်တို့နဲ့တွဲပြီး နှစ်ပေါင်း ၁၀ နှစ်ခန့် တော်လှန်ရေးထဲမှာ လုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တော်လှန်ရေးအပြင်ကို ရောက်ပြီး တော်လှန်ရေး အဖွဲ့အစည်းတွေကို မသေခင်တလျှောက်လုံး အားပေးကူညီခဲ့သူ တဦးဖြစ်ပါတယ်” ဟုဆိုသည်။

ဦးမောင်ကျော်အေးသည် စစ်တွေမြို့နယ် နာဇီရွာမှ ဖြစ်ပြီး ရခိုင်ပြည်တွင် ဇနီးနှင့် အတူ သားတယောက်နှင့် သမီးတယောက် ကျန်ရစ်ခဲ့သည်။ သူ့တွင် ညီအစ်ကို ၃ယောက် ရှိသည်ဟု သိရသည်။

သူသည် ရခိုင်ပြည်ကနေ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသို့ ၁၉၈၈-၉၀ ၀န်းကျင်တွင် ရောက်ရှိခဲ့ပြီး တော်လှန်ရေး အဖွဲ့အစည်းများအား တတ်နိုင်သလောက် အားပေးကူညီခဲ့သူ တဦးဖြစ်သည်။ သူလုပ်ကိုင်ခဲ့သောာ AIO အဖွဲ့ကို ဥက္ကဌ ဦးထွန်းရွှေမောင်၊ ဆရာ စံကျော်ထွန်းတို့မှ ၁၉၇၀ ၀န်းကျင်က ကချင် လွှတ်လပ်ရေး အဖွဲ့ ( KIO) နယ်မြေတွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ သို့သော် ယခုအခါ အဆိုပါ အဖွဲ့မှာ ပြိုပျက်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ သတင်းဌာန 

0 comments: