စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, August 20, 2012

မြန်မာ ပြည် ဒေသများ ရေ ကြီး နေမှု များ..

လားရှိုးမြို့ရေကြီးမှု...


လားရှိုးမြို့တွင်သြဂုတ်လ(၁၉)ရက်နေ့ကမိုးသည်းထန်စွာရွာသွန်းပြီးတောင်ကျရေများအရှိန်ပြင်းစွာစီးဆင်း
လာမှုကြောင့်လားရှိုးမြို့အ၀င်ပြည်ထောင်စုလမ်းမကြီးပေါ်နှင့်မြေနိမ့်ပိုင်းကျသောရပ်ကွက်များသို့ရေ
ဝင်ရောက်မှုများရှိခဲ့ရာလူနေအိမ်များမှပစ္စည်းများရေစီးနှင့်မျောပါခြင်း၊အိမ်အချို့ပြိုကျခြင်း။အုတ်တံတိုင်းများ
ပြိုကျပျက်စီးခြင်းများကြုံတွေ့ခဲ့ရကြောင်းသိရသည်။သြဂုတ်လ (၁၉)ရက်နေ့ နံနက်(၉)နာရီခန့်မှစတင်၍ တောင်ကျရေများပြင်းထန်စွာကျဆင်းလာပြီးလားရှိုးမြို့ရပ်ကွက်(၁)၊(၇)(၈)(၉)(၁၁)(၁၂)တို့တွင်ရေ၀င်ရောက်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ ရပ်ကွက်(၁)တွင် တောင်ကျရေစီးဆင်းလာမှုကြောင့် ဈေးဆိုင်အတွင်း ပိတ်မိနေသူများအား ရွှေ့ပြောင်းပေးနေစဉ်

လားရှိုးမြို့ ရပ်ကွက်(၁)တွင် တောင်ကျရေစီးဆင်းလာမှုကြောင့် ဈေးဆိုင်အတွင်း ပိတ်မိနေသူများအား ရွှေ့ပြောင်းပေးနေစဉ်

လားရှိုးမြို့ ရပ်ကွက်(၁)တွင် တောင်ကျရေစီးဆင်းလာမှုကြောင့် ဈေးဆိုင်အတွင်း ပိတ်မိနေသူများအား ရွှေ့ပြောင်းပေးနေစဉ်

လားရှိုးမြို့ ရပ်ကွက်(၁)တွင် တောင်ကျရေစီးဆင်းလာမှုကြောင့် ဈေးဆိုင်အတွင်း ပိတ်မိနေသူများအား ရွှေ့ပြောင်းပေးနေစဉ်



ဧရာဝတီ တိုင်း အသုတ် မြို့  တွင် ရေကြီး နေသောကြောင့် သံ ဃာ တော်များ
ပုံ တွင် တွေ့ ရသည့် အတိုင်း ဆွမ်းခံ ထွက် နေ သည်။ (AP Photo/Khin Maung Win)

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ရှိ ဘုရားနီကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ပရဝဏ်အတွင်း သြဂုတ်လ ၁၇ ရက်နေ့က ရေကြီးလျက်ရှိသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - မျိုးသန့် - မဇ္ဈိမ) ဘုရားနီကျေးရွာတွင် ယခုလ ၈ ရက်နေ့တည်းက ရွာလုံးကျွတ် ရေကြီးနစ်မြုပ်လျက်ရှိပြီး ဒေသခံများမှာ ကုန်းမြင့်ဒေသများရှိ ဘုန်းတော်ကြီးကျောင်း၊ ကားလမ်းနဘေးနှင့် ရထားလမ်းတာဘောင်များသို့ ပြောင်းရွှေ့ကာ ယာယီစခန်းများထိုး၍ နေထိုင်နေကြရသည်။

စိုးရိမ် အမှတ်ထက်ကျော်နေပြီ

ကန်ကြီးဒေါင့်မြို့ ဈေး ခေါင်မိုးများအထိ ရေနစ်မြုပ်နေသည်ကို ယခုလို တွေ့ရသည်။
Yangon Press International

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ဒါးက တိုက်နယ်ရှိ ရဲစခန်း ရေကြီးနစ်မြုပ်နေသည်ကို သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း - မဇ္ဈိမ) ဒါးက ရွာရှိ အိမ်ခြေ ၆၀ မှာ ရေကြီးနေခြင်းကြောင့် ကားလမ်းပေါ်တွင် ယာယီတဲများထိုး၍ နေထိုင်နေကြရသည်။


ကန်ကြီးဒေါင့်မြို့ ဈေး ခေါင်မိုးများအထိ ရေနစ်မြုပ်နေသည်ကို ယခုလို တွေ့ရသည်။

ရွှေပြည်သာမြို့နယ် ဇီးကုန်းတောင်ပိုင်းရပ်ကွက်တွင် အိမ်များ ရေနစ်မြုပ်နေသည်ကို သြဂုတ် ၁၉ ရက် ညနေပိုင်းက တွေ့ရစဉ်
ဓာတ်ပုံ - ထွန်းခိုင်


ရွှေပြည်သာမြို့နယ် ဇီးကုန်းတောင်ပိုင်းရပ်ကွက်တွင် အိမ်များ ရေနစ်မြုပ်နေသည်ကို သြဂုတ် ၁၉ ရက် ညနေပိုင်းက တွေ့ရစဉ်
ဓာတ်ပုံ - ထွန်းခိုင်

မြန်မာနိုင်ငံရှိ မြစ်ကြီးများမှာ သြဂုတ်လနောက်ဆုံးပတ်တွင် လက်ရှိရေအမှတ်များထက် ပိုမိုမြင့်တက်လာပြီး၊ မြေနိမ့်ပိုင်းများ ရေလွှမ်းနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းသည်။

“ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်တွင် နေရာအနှံ့အပြား၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသတို့တွင် နေရာကွက်ပြီး မြစ်များနဲ့ မြေနိမ့်ဒေသများတွင်
မြစ်ချောင်းများမှာ ရေလျှံမှုအလားအလာများ မြင့်မားနိုင်ပါတယ်။ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ ပဲခူးမြစ်၊ ရွှေကျင်မြစ်၊ တနင်္သာရီမြစ် စသည့်မြစ်တို့တွင် လက်ရှိရေအမှတ်များထက် ပိုမိုမြင့်တက်လာနိုင်ပြီး၊ မြေနိမ့်ပိုင်း များတွင် ရေလွှမ်းမိုးနိုင်ပါတယ်” ဟု ဒေါက်တာထွန်းလွင်က သြဂုတ် ၂၁ ရက်မှ ၂၇ ရက်အတွင်း ဖြစ်ပေါ်နိုင်သော ရာသီဥတုကို ခန့်မှန်းသည်။

တောင်တရုတ်ပင်လယ်နှင့်ပတ်သက်၍လည်း “တောင်တရုတ်ပင်လယ်ပြင်မှာ အခုလာမယ့် ရက်သတ္တတစ်ပတ်အတွင်းမှာ မုန်တိုင်းများ ဆက်တိုက် ဖြစ်လာနိုင်ပြီး၊ မြန်မာနိုင်ငံအထက်ပိုင်းဖက်ကိုလည်း အရှေ့ဖက်မှမုန်တိုင်းအကြွင်းအကျန်နဲ့လေပွေလှိုင်းများ ရောက်ရှိလာနိုင်ဖွယ်ရာ ရှိနေပါတယ်။ မုန်တိုင်းအကြွင်းအကျန်များလာရောက်ခဲ့ပါက မိုးကောင်းနိုင်ပြီး သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ပဲခူးမြစ်၊ ရွှေကျင်မြစ်တို့တွင် ရေကြီးမှု အန္တရာယ်များ မြင့်မားနိုင်ပါတယ်” ဟု ၄င်းက ဆက်လက်ခန့်မှန်းသည်။

ထိုင်းမိုးလေ၀သဂြိုဟ်တုက ရိုက်ကူးထားသော သြဂုတ် ၁၈ ရက် ညနေပိုင်း ဂြိုဟ်တုဓာတ်ပုံ

သာပေါင်းမြို့နယ် ရေဘေးဒုက္ခရောက်








0 comments: