စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, August 6, 2012

ပြည်ထောင်စုဝန်ကြီးတွေ မုံရွာမှာ ရန်ဖြစ်


စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်ပြုလုပ်သည့် လယ်ယာကဏ္ဍနှင့် သားငါးဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲသည် ပြည်ထောင်စုဝန်ကြီးများ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြောဆိုကြပြီးနောက်ပိုင်း ပွဲပျက်သွားခဲ့ကြောင်း ဋ္ဌာနဆိုင်ရာများနှင့် နီးစပ်သည့် ဒေသခံတို့က ပြောသည်။

သြဂုတ် ၅ရက်နေ့ မုံရွာမြို့၊ မြို့တော်ခန်းမ၌ နေ့လည် ၁ နာရီတွင် ပြုလုပ်သည့် ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ စစ်ကိုင်းဒေသကြီးဝန်ကြီးချုပ်၊ စီးပွား/ကူးသန်းဝန်ကြီး၊ သမ၀ါယမ၀န်ကြီး၊ လုပ်ငန်းရှင်များ၊ လယ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၃ တွင် ရေးထားသည်။

“စီးပွား/ကူးသန်းဝန်ကြီး ဦးဝင်းမြင့်က အခမ်းအနားကို ဒေါက်တာခင်မောင်ညိုကို အလွတ်သဘော ခေါ်လာတယ်။ အဲဒါကို သမ၀န်ကြီးက လမ်းဘေးကကောင် ခေါ်လာတယ်လို့ ပြောတယ်။ အဲဒီကနေ စဖြစ်တာပဲ တဲ့။ ၂း၁၅နာရီမှာ အခမ်းအနား ပျက်သွားတယ်”ဟု အစိုးရဋ္ဌာနများနှင့် နီးစပ်သူဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့အပြန်အလှန် ဖြစ်ပွားနေစဉ်ကာလအတွင်း စစ်ကိုင်း ၀န်ကြီးချုပ် ဦးသာအေးက ကြားဝင် ဖျန်ဖြေရာ၊ သမ၀န်ကြီးဦးအုန်းမြင့်က “မင်းက မင်းဒေသကို ရောက်လို့ အချိုးပြောင်းနေတာလား။ မင်းလည်း သတိထား ၊ မင်းကိုလည်း ပြုတ်အောင် လုပ်မယ်” ဟုပြောဆိုခဲ့ကြောင်း ကိုယ်တိုင် တက်ရောက်ခဲ့သူတစ်ဦးကို ကိုးကား၍ အထက်ပါဒေသခံက ပြောသည်။

မုံရွာရောက် ၀န်ကြီးများ ဆွေးနွေးပွဲတက်ရောက်စဉ် အရက်သောက်ထားကြခြင်း ရှိမရှိ မသိရသေးပေ။
ထိုနေ့က မုံရွာတွင် ရာသီဥတုကောင်းမွန်ပြီး များစွာ ပူပြင်းခြင်းမရှိဟု ဆိုသည်။

ဆွေးနွေးပွဲအတွင်း ၀န်ကြီးတို့၏ အပြန်အလှန် ပြောဆိုမှုများသည် လုပ်ငန်းသဘောများ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး စိန်ခေါ်မှုများ၊ တစ်ဦးနှင့်တစ်ဦး လေးစားမှု မရှိသော စကားလုံးများဖြစ်နေပြီး၊ မကျောနပ်မှုများ ကြီးထွားကာ အပြန်အလှန် လုပ်ကြံမှုများဖြစ်လာမည်ကို စိုးရိမ်ကြောင်း မုံရွာ-သာစည်လမ်းတွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

“ပြည်ထောင်စုဝန်ကြီးတွေဖြစ်ပြီး အစည်းအဝေးမှာ ရုန်းရင်းဆန်ခတ် ဖြစ်ကြတယ်။ သူတို့တွေဘေးမှာ လက်နက်တွေလည်း ကိုယ်စီရှိကြတယ်။ အပြန်အလှန် လုပ်ကြံတာတွေဖြစ်မှာကို လူတွေက စိုးရိမ်နေတယ်။ အဲလိုဖြစ်ရင် ကျွန်တော်တို့မြို့ နာတယ်” ဟု ယင်းဒေသခံကပြောသည်။

“၀န်ကြီးတွေကအရင်တုန်းက ဗဟိုဦးစီးချုပ်ကိုင်စနစ်တုန်းက တစ်ယောက်နဲ့တစ်ယောက် ဒီလိုမပြောရဲကြဘူး။ အရင်တုန်းက အငြိုးအတေးတွေကို အခု ပြောလို့ရပြီလို့ ယူဆကြတယ် ထင်တယ်။ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုလည်း မရှိကြဘူး” ဟု ထိုဒေသခံအမျိုးသားက ပြောသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲသည် တံခါးပိတ်ဆွေးနွေးပွဲဖြစ်ပြီး မုံရွာမြို့ ဒေသခံ သတင်းထောက်များ တက်ရောက် သတင်းယူခွင့် မရခဲ့ပေ။

ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်မူ ဆွေးနွေးပွဲနှင့် ပတ်သက်၍ စာမျက်နှာအပြည့် ဖော်ပြထားသည်ကို တွေ့ရသည်။

ဆွေးနွေးပွဲရောက် ၀န်ကြီးများ သပ်သပ်ယပ်ယပ် ၀တ်စားထားပြီး တည်ငြိမ်အေးဆေး အိနြေ္ဒကြီးမားစွာ ထိုင်နေကြပုံကိုလည်း ထည့်သွင်းထားသည်။

ဧရာဝတီ

0 comments: