စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, August 6, 2012

၈၈ မျိုးဆက် ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းခရီးစဉ် စတင်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်တွင် သြဂုတ်လ ၈ ရက်နေ့ ကျင်းပမည့် ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ဃန်းကပ်လှူပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ရန်အတွက် ရန်ကုန်မြို့မှ ယနေ့ နံနက် ၉း၃၀ နာရီတွင် ထွက်ခွာလာကြသော ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ ည ၇း၁၀ နာရီတွင် မန္တလေးမြို့သို့ ရောက်ရှိလာကြသည်။ ၈၈မျိုးဆက်ကျောင်းသားများနှင့်အတူ ကျောင်းသားလူငယ်အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များလည်း လိုက်ပါလာကြသည်။
88 Generation Students - PHOTO

၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်ကို သြဂုတ်လ ၆ရက်နေ့ နံနက်ပိုင်းက စတင်၍ ထွက်ခွာခဲ့ကြောင်း သိရသည်။ အဆိုပါခရီးစဉ်တွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့ အပါအ၀င် အဖွဲ့ဝင် ၅၀ ၀န်းကျင်ခန့် သွားရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါခရီးစဉ်တွင် မန္တလေးမြို့တွင် သြဂုတ်လ ၈ရက်နေ့တွင် ပြုလုပ်မည့် ၈ လေးလုံးအရေးတော်ပုံ ငွေရတုအကြို ၀ါဆိုသင်္ကန်းကပ်လှူပွဲသို့ စတင်ထွက်ခွာခဲ့ခြင်း ဖြစ်ပြီး မန္တလေးမြို့မှတဆင့် မြစ်သားမြို့နယ်၊ မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ ကျောက်ပန်းတောင်းမြို့များနှင့် ရှမ်းပြည်နယ် နောင်ခမ်းမြို့များသို့ အဖွဲ့နှစ်ဖွဲ့ခွဲကာ သွားရောက်ကြမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ ကိုမင်းဇေယျာဦးဆောင်သည့် အဖွဲ့ဝင် ၅ဦးမှ သြဂုတ်လ ၇ ရက်နေ့တွင် ရန် ကုန်မြို့မှ လေကြောင်းလိုင်းဖြင့် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၉ ရက်နေ့တွင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့ ဦးဆောင်သော အဖွဲ့ဝင် ၁၂ဦးသည် မြစ်သားမြို့သို့ စတင်ထွက်ခွာပြီး ထိုမှတဆင့် မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ ကျောက်ပန်းတောင်းမြို့များသို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ် သွားရောက်မည်ဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်သည့် အဖွဲ့ဝင် ၁၀ ဦးတို့သည် ရှမ်းပြည်နယ် နောင်ခမ်းသို့ ၅ ရက်ကြာ ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသူများအား စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဘ၀အခက်အခဲများ ဖြေရှင်းနိုင်ရန် စွမ်းရည်မြင့်တင်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

0 comments: