စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, August 17, 2012

ရခိုင်ကဲ့သို့ ဆူပူ အကြမ်းဖက်မူ ဘင်္ဂလာဒေခ်ျ့တွင် ကျရောက်မည်ဆို၍ လူမျိုးစုံ ၅၀၀၀ ခန့်က ဆုတောင်းပွဲ ပြုလုပ်


ထွန်းထွန်း

ရခိုင်ပြည်တွင် လက်ရှိဖြစ်ပေါ်နေသော အရေးအခင်းမျိုး ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင်လည်း ကျရောက် ဖြစ်ပေါ်နိုင်သည်ဟု နာမည်ကြီး နတ်ကတော် တစ်ပါး၏ ပြောကြားချက်ကြောင့် ဘင်ဒရိုဘင် (ခေါ်) ရွာတော်မြို့တွင် ဒေသခံ လူမျိုးပေါင်းစုံ ၅၀၀၀ ခန့်က အဆိုပါ ကဲ့သို့ အဖြစ်မျိုး မကျရောက်စေရန် ယနေ့တွင် ဆုတောင်းပွဲ ပြုလုပ် ခဲ့ကြသည်။

“ဒီနေ့ မနက် ၉နာရီကနေ ၁၀ နာရီထိ ဦးစောလှ ဘုန်းကြီး စေတီမှာ သွားရောက်ပြီး လူ ၅၀၀၀နီးပါး ဆုတောင်း မေတ္တာပို့သ ခဲ့ပါတယ်။ ဆီးမီးထွန်းခြင်း၊ ပန်း ရေချမ်းကပ်ခြင်း၊ ငါးပါးသီလခံ ယူခြင်းတို့ပြုလုပ် ခဲ့ပါတယ်”ဟု ရွာတော်မြို့ မှ ဒေသ သတင်းထောက် ကိုစောဘထွီးက နိရဉ္စရာပြောသည်။

ဘင်ဒရိုဘင် (ခေါ်) ရွာတော်မြို့မှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင် တန်းနယ် တောင်ပိုင်း မြန်မာနိုင်ငံနှင့် ကပ်ရပ် တည်ရှိပြီး ဗုဒ္ဓဘာသာဝင်များ အများစု နေထိုင်ရာ ဒေသ ဖြစ်သည်။

ယနေ့ ဆုတောင်းပွဲသို့ သွားရောက်သူများသည် ဆီးမီး တစ်တိုင်နှင့် ယပ်တောင် တစ်ခုစီကို အသီးသီးကိုင်ဆောင်ကာ ဆုတောင်းပွဲကို သွားရောက်ခဲ့ကြသည်ဟု ဆိုသည်။

ယခုကဲ့သို့ ဆုတောင်းပွဲ ပြုလုပ်ရန် ရွာတော်မြို့မှ နာမည်ကြီး ဆရာတော်တစ်ပါး ဖြစ်သော ဆရာတော် ဦးစောလှမှ စီစဉ်ပေးခြင်း ဖြစ်ကြောင်း ဆိုသည်။

“ဖြစ်ပုံကဒီလိုပါ။ ရွာတော် မြို့အနီးက ကျောက်မြောင်က နတ်ကတော်မ (နတ်ကောင်းမ) က ရခိုင်ပြည်မှာ ဆူပူ အကြမ်းဖက်မူ ဖြစ်သလို ဘင်္ဂလာဒေခ်ျ့က ဗုဒ္ဓဘာသာတွေ နဲ့လည်း နောက်သုံးလ လေးလ အတွင်းမှာ ဖြစ်မယ်။ နတ်ကတော်မကို ကျောက်မြောင် အရှင်မနဲ့ နတ်မင်းကြီး တစ်ပါးက ခန္ဒာထဲကိုဝင်ပူးပြီး ပြောတယ်လို့ ဆရာတော် ဦးစောလှကို လာလျှောက်တယ်။ အဲဒါကြောင့် ဦးစော လှ ဆရာတော် အစီအစဉ်ချတာကြောင့် ဒီနေ့မှာ လူတယောက်စီ မှာ ဖယောင်းတိုင် တချောင်းနဲ့ ယပ်တောင် တလက်စီနဲ့ ဆု တောင်းဖို့သွားကြတာဖြစ်ပါတယ်” ဟုပြောသည်။

ဆုတောင်ပွဲသို့ သွားရောက်ကြသူများမှာ များပြားလွန်းသဖြင့် ဘင်ဒရိုဘင်မြို့ထဲတွင် တက္ကစီ၊ ဆိုက်ကားများဌားမရသည့် အဆင့် ဖြစ်သွားသည်ဟု သိရသည်။

“ လူတွေ သွားလာတာ များတဲ့ အတွက် အဲဒီ ဆုတောင်းပွဲကို သွားဖို့ မြို့ထဲမှာ တက္ကစီနဲ့ ဆိုက်ကား ရှာလို့ မရ ဖြစ်သွားပါတယ်။ ဗုဒ္ဓဘာသာဝင် လူမျိုးပေါင်းစုံ သွားရောက်ပြီး ဆုတောင်းကြတယ်ဆိုတော့ လူတွေက အများကြီး ဖြစ်သွားပါတယ်” ဟုပြော သည်။

ယခုပြုလုပ်နေသော ဆုတောင်းပွဲမှာ ဘင်ဒရိုဘင်ခရိုင် ရခိုင်ဝမြို့နယ်အတွင်းရှိ ကာလဂါးရာ ရင်ဇာတီဒေ၌ တည်ထားကိုးကွယ်သော ဦးစောလှ ဘုန်းကြီး၏ စေတီတွင် ဖြစ်ကြောင်း သိရသည်။

အဆိုပါဆုတောင်းပွဲအတွင်း ရောက်ရှိလာသူများအား ရခိုင်ပြည် အရေးအခင်းနှင့် ဆက်စပ်ပြီး မကူးလာနိုင်ရေး ကိစ္စနှင့်ပတ်သက်၍ ဦးစောလှ ဘုန်းကြီးက ဘင်္ဂလီ- ရခိုင်စကားဖြင့် ဟောပြောမိန့်ကြားခဲ့သည် ဟုဆိုသည်။

ဘင်္ဂလာဒေခ်ျ့ စစ်တကောင်း တောင်တန်းနယ်တွင် ရင်ဂါမတီ၊ ခါခရာဆိုးရီနှင့် ဘင်ဒရိုဘင်ခရိုင် (၃) ခုရှိပြီး အဆိုပါ ခရိုင်များကပါ လူများ ဘတ်စ်ကားများဖြင့် လာရောက်ကြကာ ဘေးအန္တရာယ်မှ ကင်းလွတ်အောင် ဆုတောင်းခဲ့ကြသည်။

အဆိုပါ ခရိုင်သုံးခုတွင် သက်၊ မာရမာခေါ်(ရခိုင်)၊ မြို၊ မြူ၊ လင်းဂဲ၊ ဒိုင်းနက်၊ စက်၊ ပင်းခိုး၊ ချော၊ တြိပူရနှင့် တခြားလူမျိုး ပေါင်းစုံများ နေထိုင်ကြသည်။

Narinjara News Burmese

0 comments: