စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, August 6, 2012

မီဒီယာဖိနှိပ်မှုရပ်ဖို့ မန္တလေး မီဒီယာသမားတွေ ဆန္ဒပြ


မြန်မာနိုင်ငံ စာနယ်ဇင်းလောက သတင်းဂျာနယ်တွေ မကြာခဏ ပိတ်ပင်ခံရတာတွေ နဲ့ သတင်းမီဒီယာ တွေ အပေါ် ဖိနှိပ်ကန့်သက်မှုတွေများလာတာကြောင့် မန္တလေးမြို့ သတင်းမီဒီယာပေါင်းစုံ က သတင်းသမား ၅၀ လောက်စုပေါင်းပြီး သြဂုတ်လ ၅ ရက်နေ့က မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးကို သွားရောက်ပြီး မီဒီယာ ဖိနှိပ်မှုဝဋ်ဆင်းရဲမှ အမြန်ဆုံးလွတ်မြောက် ကြစေဖို့ ဘုရားရှိခိုးဆုတောင်းခဲ့ကြသလို ဥတ္တရလွင်ပြင် စာအုပ်ဆိုင် ၊ယူနီစန်ကဖေး ၊ မေချိုကဖေးဆိုင် စတဲ့နေရာတွေနဲ့ မန္တလေးမြို့နေရာအနှံ့ကို မော်တော် ဆိုင်ကယ်တွေနဲ့ လှည့်လည်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ သတင်းမီဒီယာသမားတွေဟာ"မီဒီယာ ဖိနှိပ်မှုရပ် STOP KILLING PRESS" စာတန်းပါ တီရှပ်အနက်ရောင် အကျီ င်္တွေကို ဝတ်ဆင်ပြီး မီဒီယာလောကအပေါ် အစိုးရရဲ့ဖိနှိပ်မှုတွေရပ်စဲဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။



BurmaVJMedia

0 comments: