စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, August 17, 2012

မိုးထိမိုးမိ အလုပ်သမားတွေ အိုင်အယ်လ်အိုမှာ တိုင်ကြား



ရမည်းသင်းခရိုင်၊ မိုးထိမိုးမိတောင် ရွှေတူးဖော်ရေးလုပ်ငန်းမှာ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနဲ့ ရွှေလုပ်သားတွေအကြား သဘောတူထားတဲ့စာချုပ်ပါ အချက်တွေကို ကုမ္ပဏီဘက်က ဖောက်ဖျက်တဲ့အတွက် ရွှေလုပ်သားကိုယ်စားလှယ်အဖွဲ့ဟာ ရန်ကုန်မြို့က အိုင်အယ်အို နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်ကို ဒီကနေ့ လာရောက်တိုင်ကြားခဲ့ပါတယ်။

ရွှေလုပ်သားတွေရဲ့ ဆုံးရုံးနစ်နာမှုတွေ ပြန်လည်ရရှိနိုင်ရေးအတွက် ရန်ကုန်မြို့ အိုင်အယ်အို ဆက်သွယ်ညှိ နှိုင်းရေးအရာရှိရုံး နည်းပညာဆိုင်ရာ အကြံပေးအရာရှိ ရော့(စ်)၀ီလ်စန် (Ross Wilson) နဲ့ တွေ့ဆုံပြီး အကူအညီတောင်းခဲ့တယ်လို့ ရွှေလုပ်သားကိုယ်စားလှယ်ခေါင်းဆောင် ကိုနေအောင်က RFA ကို ပြောပါတယ်။

ရွှေတူးဖော်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ ရွှေလုပ်သားတွေဟာ မိုးထိမိုးမိတောင် ပေါ်မှာ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနဲ့ ဇွန်လ(၁၄)ရက်က နှစ်ဘက်သဘောတူချုပ်ဆိုထားတဲ့ စာချုပ်ပါ စည်းကမ်းချက်တွေကို ကုမ္ပဏီဖက်က မလိုက်နာတဲ့အပြင် ကုမ္ပဏီရဲ့ အခွင့်အရေးချိုးဖောက်တဲ့ လုပ်ရပ်တွေ ကြောင့် အခုဆို ရွှေလုပ်သား(၁) သိန်းနီးပါးရဲ့ အသက်အိုးအိမ်နဲ့ ဘ၀လုံခြုံမှုကိုပါ ခြိမ်းခြောက်ခံနေရပြီလို့ ကိုနေအောင်က ပြောပါတယ်။

အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီဟာ အစိုးရထံက လုပ်ကိုင်ခွင့် ၅နှစ်သက်တမ်းရရှိထားပြီး လုပ်ငန်းလည်ပတ်ချိန်မှာ လက်တွဲလုပ်လာခဲ့တဲ့ တစ်ဆင့်ခံကန်ထရိုက် လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေကို လုပ်ပိုင်ခွင့် တွေ ရပ်ဆိုင်းခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်လလောက်ကစလို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။

RFA Burmese

0 comments: