စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, August 4, 2012

လျှပ်တစ်ပြက်’ ဂျာနယ်အမှု ပဉ္စမအကြိမ် ကြားနာစစ်ဆေး


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်နှင့် ရိုဟင်ဂျာ မူဆလင် အရေးအခင်း သတင်းနှင့် သတင်းဓာတ်ပုံများ ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ လျှပ်တစ်ပြက် ဂျာနယ်အား တရားစွဲဆိုထားမှုကို ပဉ္စမအကြိမ်အဖြစ် ပုဇွန်တောင်မြို့နယ် တရားရုံးတွင် သောကြာနေ့က ကြားနာစစ်ဆေးခဲ့သည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ကိုယ်စား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင် အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅ဝ၅ (ခ) (ဂ) အရ ဂျွန်လ ၂၉ ရက်က တရားစွဲဆိုထားခြင်း ဖြစ်သည်။

သောကြာနေ့ ကြားနာမှုတွင် တရားလိုပြသက်သေတဦးဖြစ်သည့် ပုဇွန်တောင်မြို့နယ် ရဲစခန်းမှူးအား ဂျာနယ်တွင်
ဖော်ပြခဲ့သည့် သတင်း၊ ဓာတ်ပုံကိစ္စရပ်များ၏ အများပြည်သူ အပေါ် သက်ရောက်မှုကို နှစ်ဖက်ရှေ့နေများက အဓိကထား မေးမြန်းခဲ့ကြသည်။

စစ်ဆေးကြားနာမှုကို ပြုလုပ်စဉ်တွင် တရားခွင်သို့ ပရိသတ် ၃၀ နီးပါးနှင့် သတင်းမီဒီယာ အချို့ တက်ရောက် နားထောင်ခဲ့ကြသည်။ ဆဋ္ဌမအကြိမ်မြောက် ကြားနာမှုကို သြဂုတ် ၁၄ ရက် သို့ ချိန်းဆိုလိုက်သည်။

နှစ်လ နီးပါးကြာ ရပ်ဆိုင်းခံထားရးသည့် လျှပ်တစ်ပြက် ဂျာနယ်ကိုမူ သြဂုတ်လ ၁ ရက်က စတင်ပြီး စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ပြန်လည်ထုတ်ဝေခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ဂျာနယ်တိုက်မှ အယ်ဒီတာတဦးက
ပြောသည်။

“အခုတော့ ပထမ ဂျာနယ်စာမူ စီစစ်ရေးတင်ဖို့ လုပ်နေတယ်။ ခွင့်ပြုတာကတော့ သြဂုတ် ၁ ရက်နေ့ ကတည်းကပဲ။ လာမယ့် သောကြာ သြဂုတ် ၁ဝ ရက်နေ့မှာ မှာတော့ ဈေးကွက်တင် ထုတ်ဝေနိုင်မှာပါ” ဟု လျှပ်တစ်ပြက် အယ်ဒီတာ တဦးက မဇ္ဈိမကို ပြောသည်။

The Voice Weekly နှင့် Envoy ဂျာနယ်တို့ကိုလည်း စာပေ စိစစ်ရေးဆိုင်ရာ စည်းကမ်းလိုက်နာမှု မရှိဟုဆိုကာ ဇူလိုင် ၃၁ ရက်မှ စတင်ပြီး ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းထားသည်။

ထိုကဲ့သို့ မီဒီယာများအား ကန့်သတ်ပိတ်ပင်မှုများနှင့် ပတ်သက်၍ သမ္မတကြီးအား တင်ပြ ဆွေးနွေးသွားမည်ဟု
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်သည့် လျှပ်တစ်ပြက် ဂျာနယ်ရှေ့နေ ဦးသိန်းညွန့် က ပြောသည်။

“မီဒီယာတွေကို ကန့်သတ်တာ၊ ပိတ်ပင်တာတွေဟာ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုမှာ အထောက်အကူ မဖြစ်ဘူး။ ဒါကို မနက်ဖြန် သြဂုတ် ၄ ရက်နေ့ သမ္မတကြီးနဲ့ တွေ့တဲ့အခါမှာ တင်ပြသွားမယ်” ဟု မဇ္ဈိမကို ပြောသည်။

တရားလွှတ်တော် ရှေ့နေကြီးတဦး ဖြစ်သော ဦးသိန်းညွန့်သည် သတ္ထုတွင်း ဝန်ကြီးဌာနမှ The Voice ဂျာနယ်အား တရားစွဲဆိုထားသည့် အမှုကိုလည်း လိုက်ပါဆောင်ရွက်ပေးနေသူ ဖြစ်သည်။

လျှပ်တစ်ပြက် ဂျာနယ်အား စာပေစိစစ်ရေးမှ အရေးယူပြီးဖြစ်၍ အမှုကို ပြန်လည်ရုတ်သိမ်းပေးရန် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီက ရန်ကုန်တိုင်း အစိုးရသို့ တောင်းဆိုထားသည်။

သစ်ငြိမ်း
ရန်ကုန် (မဇ္ဈိမ)

0 comments: