စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, May 1, 2012

မြန်မာနိုင်ငံအနာဂတ်အတွက် အရေးကြီးချိန်ဖြစ်သဖြင့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရန် မစ္စတာဘန်ကီမွန် တိုက်တွန်း

မေလ ၁ ရက် သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဘန်ကီမွန်အား တွေ့ရစဉ်

မြန်မာနိုင်ငံသို့ သုံးရက်တာ အလည်အပတ် လာရောက်ခဲ့သော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်က မေလ ၁ ရက်နေ့ ညနေတွင် ကန်တော်ကြီး ပတ်လမ်းရှိ White Rice စားသောက်ဆိုင်တွင် ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါသည်။

"ကျွန်တော်ကတော့ အကောင်းမြင်ပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း မြန်မာအစိုးရကို ယုံကြည်မှုတွေ ပြနေပါတယ်။ မြန်မာနိုင်ငံဟာ စစ်အစိုးရ အုပ်ချုပ်ရေးကာလနဲ့ အချိန် နှစ် ၄၀ တောင် ဖြုန်းပြီးပါပြီ အချိန်ထပ်ဖြုန်စရာ မကျန်တော့ပါဘူး။ အခုချိန်မှာ ပါတီတွေအားလုံးရော လူမှုအဖွဲ့အစည်းတွေ အားလုံးရော အစိုးရခေါင်းဆောင်တွေရော အားလုံး စည်းလုံးသင့်ပါတယ်။ အခုက မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အရမ်းအရေးကြီးတဲ့အချိန်ပါ။ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပါ။ ဒါက ကျွန်တော်ပေးချင်တဲ့ Message ပါပဲ။" ဟု အဆိုပါရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၏ အနာဂတ်နဲ့ ပတ်သက်ပြီး မစ္စတာ ဘန်ကီမွန်က ပြောကြားသွားခဲ့သည်။

ယခုခရီးစဉ်သည် ၄င်း၏ တတိယအကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အားပေး ထောက်ခံရန် လာရောက်ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။ ခရီးစဉ်အတွင်း ၄င်းသည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များနှင့် ပတ်သတ်ပြီး ဆွေးနွေးခဲ့သည်။

-----------------------------------------------

အခြားဆက်စပ်မှုရှိသောသတင်းများ

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်းသို့ ၀င်ရောက်ရန် ဆုံးဖြတ်ခဲ့သည့်အပေါ် ကုလအထွေထွေ အတွင်းရေးမှူးချုပ် ချီးကျူး

0 comments: