စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, May 1, 2012

မြန်မာဂျာနယ်လစ်ကွန်ရက် စုံညီနှစ်ပတ်လည် အစည်းအဝေး ဖိတ်ကြားခြင်း..


မေလ ၂ ရက်နေ့ နံနက် ၉ နာရီမှ ၂ နာရီအထိ ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ။ ယုဇနဟိုတယ်တွင် ကျင်းပ
ပြုလုပ်မည့် မြန်မာဂျာနယ်လစ်ကွန်ရက်။ ကွန်ရက်ဝင်စုံညီနှစ်ပတ်လည် အစည်းအဝေးကြီး၊ လုပ်ငန်းကော်မတီရွေးချယ်ပွဲ(တွဲလျှက် ကွန်ရက်ဘဏ္ဍာရေးမှူးရွေးချယ်ခြင်း)၊ ကွန်ရက်ဖွဲ့စည်းပုံ
မူကြမ်းအား အတည်ပြုပွဲသို့ တက်ရောက်ပေးကြပါရန် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုမောင်နှမ
သတင်းသမားများအား လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

နေ့ရက်။ ။ ၂.၅.၂၀၁၂(ဗုဒ္ဓဟူးနေ့)
အချိန်။ ။ နံနက် ၉ နာရီမှ နေ့လည် ၂ နာရီအထိ။
နေရာ။ ။ ယုဇနဟိုတယ်၊ အုတ်လမ်းမှတ်တိုင်၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအနီး။

အခမ်းအနားအစီအစဉ် အကျဉ်း။

၁။ အဖွင့်အမှာစကား (မောင်ဝံသ)
၂။ ဖွဲ့စည်းပုံမူကြမ်းအား ဆွေးနွေးခြင်း။ အတည်ပြုခြင်း။
၃။ နေ့လည်စာထမင်းဖြင့် ဧည့်ခံခြင်း။
၎။ ၂၀၁၂ အတွက် လုပ်ငန်းကော်မတီဝင်များအား မဲစနစ်ဖြင့် ရွေးချယ်ခြင်း။

(သတင်းသမားများ နွေးနွေးထွေးထွေး ဆုံတွေ့ကြမည့် အခမ်းအနားတစ်ရပ်လည်း ဖြစ်ပါသဖြင့် မဖြစ်မနေ ဆက်ဆက် ကြွရောက်၍ အတည်ပြု မဲပေးကြပါရန် ထပ်မံမေတ္တာရပ်ခံအပ်ပါသည်)

လေးစားစွာဖြင့်….
ပြန်/ဆက် (ကိုယ်စား)
WORKING GROUP (ယာယီ)
Myanmar Journalist Network (Yangon)

0 comments: