စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, November 19, 2011

အမေရိကန် မရိန်းတပ် ဂုဏ်ပြုအခမ်းအနား စရဖ အကြီးအကဲ ဖိတ်ကြား

အမေရိကန် မရိန်းတပ်သားများကို ဂုဏ်ပြုသည့် အခမ်းအနား တခုကို စနေနေ့ညနေတွင် ရန်ကုန်မြို့ရှိ ပတ်ရွိုင်ရယ် ဟိုတယ်တွင် ကျင်းပရန် စီစဉ်ထားရာ မြန်မာစစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကိုလည်း ဖိတ်ကြားထားသည်။

စနေနေ့ ကျင်းပမည့် United State Marine Corps Birthday Ball အခန်းအနားသည် ၂၃၆ ကြိမ် မြောက်ဖြစ်ပြီး ၁၇၇၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့မှ စတင် သတ်မှတ်ခဲ့သည်။

ရန်ကုန် အမေရိကန်သံရုံးတွင် တာဝန်ကျနေသည့် မရိန်းတပ်ဖွဲ့မှူးမှာ ဗိုလ်မှူးကြီး ဘရေး စလိုအန် Brey Sloan
ဖြစ်ပြီး ၂၀၁၁ ခု၊ ဧပြီလအတွင်းက သူ၏ ခင်ပွန်း အပါအဝင် အခြားနိုင်ငံခြား စစ်သံမှူးများနှင့်အတူ ကချင်ပြည်နယ်
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသို့ သွားရောက် လေ့လာခဲ့သည်။

ထိုခရီးစဉ်ကို ဒု-ဗိုလ်ချုပ်ကြီးကျော်ဆွေ၏ဇနီး ဒေါ်ဝင်းဝင်းမော်က ဦးဆောင်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများက
ဖော်ပြခဲ့သည်။

0 comments: