စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, November 21, 2011

အီဂျစ်စစ်ဘက်ကောင်စီဥက္ကဋ္ဌ နုတ်ထွက်ရန် တောင်းဆိုဆန္ဒပြမှုအတွင်း လူနှစ်ဦး သေဆုံး

ကိုင်ရိုမြို့၊ တဟီရာရင်ပြင်တွင် တန်တာဝီ ရာထူးနုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြမှုကို နိုဝင်ဘာလ ၁၈ ရက်က ပြုလုပ်စဉ်

အီဂျစ်စစ်ဘက်ကောင်စီဥက္ကဋ္ဌ ဖီးမယ်ရှယ်ဟူစိန်တန်တာဝီ နုတ်ထွက်ပေးရန် အဓိကတောင်းဆိုသော ကန့်ကွက်ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့က ရော်ဘာကျည်ဆန်များ၊ မျက်ရည်ယိုဗုံးများ အသုံးပြုပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး ရာပေါင်းများစွာ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

သမ္မတဟောင်း ဟိုစနီမူဘာရက်ကို ဖြုတ်ချနိုင်ခဲ့သော လူထုတော်လှန်ရေးစတင်ရာ သမိုင်းဝင် တဟီရာရင်ပြင်တွင် လူထောင်ပေါင်းများစွာက တန်တာဝီကို ရာထူးနုတ်ထွက်ရန် တောင်းဆိုဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ ရဲများကို ကျောက်ခဲများ၊ အခြားပစ္စည်းများဖြင့် ပစ်ပေါက်မှုများလည်းရှိကြောင်း သိရသည်။

ရင်ညွန့်တွင် ရော်ဘာကျည်ဆန် မှန်ခဲ့သောဒဏ်ရာဖြင့် အသက် ၂၃ နှစ် ရှိ လူငယ်တစ်ဦးသည် ကိုင်ရိုမြို့တွင် သေဆုံးခဲ့ပြီး အလက်ဇန္ဒရာမြို့တွင် လည်း အသက် ၂၅ နှစ်ရှိ လူငယ်တစ်ဦးမှာလည်း ရော်ဘာကျည်ဆန် သင့်ပြီး သေဆုံးခဲ့ကြောင်း ဆေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

တဟီရာရင်ပြင်တွင် နိုဝင်ဘာလ ၁၈ ရက်၌ လူအချို့က ထိုင်ပြီးဆန္ဒ ပြမှုပြုလုပ်နေစဉ် လူရာပေါင်းများစွာက ပူးပေါင်းခဲ့ပြီး တန်တာဝီ၏ စစ်ဘက်ကောင်စီကို ဖျက်သိမ်းကာ အရပ်ဘက်အုပ်ချုပ်ရေးသို့ အလျင်အမြန် ကူးပြောင်း ပေးရန် တောင်းဆိုခဲ့သည်။ ယင်းကဲ့သို့ထိုင်ပြီး ဆန္ဒပြနေမှုကို နိုဝင်ဘာလ ၁၉ ရက်တွင် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ ရော်ဘာကျည်များသုံး၍ ဖြိုခွဲရာမှ အပြန်အလှန် ပဋိပက္ခ ဖြစ်ခဲ့သည်။ မူဘာရက်ကို ဖြုတ်ချနိုင်ခဲ့ ပြီးနောက် တောင်းဆိုထားသော တောင်းဆိုချက် များသည်တစ်ခုမှမပြည့်မီသေးကြောင်း အသက် ၃၀ နှစ်ရှိ နိုင်ငံရေးလှုပ်ရှားသူ အာမက်ဒ်အက်ဘိုလ်အင်နင်က ပြောကြားခဲ့သည်။ အရပ်ဘက်သို့ အာ ဏာလွှဲပြောင်းပေးမှု လိုလားကြောင်း၊ ယခုဖြစ်ပျက်နေသမျှသည် စစ်ဘက်က အာဏာဆက်လက်ချုပ်ကိုင်ရန် အခြေအနေ ဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့သည်။

Ref:AFP

0 comments: