
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်တို့သည် နိုဝင်ဘာလ ၁၉ရက်နေ့ နံနက် ၇နာရီအချိန်က ဘာလီရှိ
Nikko ဟိုတယ်တွင် တွေ့ဆုံခဲ့ကြပြီး Breakfast Meeting ပြုလုပ်ခဲ့ကြပါသည်။
တွေ့ဆုံမှုတွင် မြန်မာနှင့် ကုလသမဂ္ဂအကြား ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စများနှင့် နှစ်ဦးနှစ်ဖက်အဆင်ပြေသည့် နေ့ရက်တစ်ခုတွင် မြန်မာနိုင်ငံသို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် သွားရောက်မည့်ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်းနိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က သတင်းထောက်များကို ပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း အစရှိသည့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး ၄၅မိနစ်ကြာ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပါသည်။
''မြန်မာနဲ့ကုလသမဂ္ဂပူး ပေါင်း ဆောင်ရွက်မှုမြှင့်တင်ဖို့ဆွေးနွေးခဲ့ကြ ပါတယ်''ဟု ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့သည်။
ကုလသမဂ္ဂအတွင်းရေးမှူး ချုပ် ဘန်ကီမွန် မြန်မာနိုင်ငံလာ ရောက်ရန်အစီအစဉ်ရှိမရှိမေးမြန်းခဲ့ ရာတွင်လည်း ''လာရောက်ဖို့ရှိပါတယ်။ဒါပေမဲ့နှစ်ဖက်စလုံး အဆင် ပြေမဲ့အချိန်ကိုကြည့်ရပါမယ်''ဟု နိုင်ငံခြားရေးဝန်ကြီးကဖြေကြားသွား ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာကုလသ မဂ္ဂအထူးကိုယ်စားလှယ် ဗီဂျေးနမ် ဗီယာလည်း အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
Welcome to SeekaHost
10 months ago










0 comments:
Post a Comment