စွမ်းအင်ဝန်ကြီးဌာန၊ ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်း၏ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးစင် (Platform)တွင်လိုအပ်သော ပြုပြင် ခြင်းလုပ်ငန်းများဆောင်ရွက်မည် ဖြစ်သည့်အတွက် ၂၀၁၁ ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၁၂ ဇန်နဝါရီ ၁ ရက် အထိ သဘာဝ ဓာတ်ငွေ့သုံးဓာတ် အားပေး စက်ရုံများသို့ ဓာတ်အား ပို့လွှတ်မှုရပ်ဆိုင်းထားမည်ဖြစ် ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိ သည်။
လောလောဆယ်လျှပ်စစ်ဓာတ် အား (၆၇၀) မဂ္ဂါဝပ်ခန့်အသုံးပြု နေသော ရန်ကုန်တိုင်းဒေသကြီး တွင် ထိုကဲ့သို့သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုရပ်ဆိုင်းထားစဉ် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ (၄)ရုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ် မှုရပ်ဆိုင်းထားရမည်ဖြစ်ကြောင်း
ထို့ကြောင့် စုစုပေါင်း (၂၄၀) မဂ္ဂါ ဝပ်လျော့နည်းနေမည်ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်ပါ၍ အများပြည်သူ အလင်းရောင်သုံးဓာတ်အားကို ဦး စားပေးဖြန့်ဖြူးပေးနိုင်ရေးအတွက် စက်မှုဇုန်များသို့ ဖြန့်ဖြူးမှုကို ၂၀၁၁ ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၁၂ ဇန်နဝါ ရီ ၁ ရက်အထိ (၄) ရက်အား နေ့ လယ်ပိုင်းတွင်ရပ်ဆိုင်းပြီးည (၂၃းဝ၀) နာရီမှ နံနက် (ဝ၅းဝ၀) နာရီအထိ သာဖြန့်ဖြူးနိုင်မည်ဖြစ်ပါ သည်။
၎င်းအပြင် အဆိုပါနေ့ရက် များ၌ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပို့လွှတ်မှုအခြေအနေအရ အများပြည်သူများသို့ မျှတအောင် ဖြန့်ဖြူးပေးရမည်ဖြစ်သည့်အတွက် အလုံဓာတ်အားပေးစက်ရုံ၊ သာကေ တဓာတ်အားပေးစက်ရုံနှင့် သီတာ ဓာတ်အားခွဲရုံတို့မှ ဓာတ်အားဖြန့်ဖြူး ပေးနေသော အလုံ၊ ကြည့်မြင်တိုင်၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂ လာတောင်ညွန့်၊ တာမွေမြို့နယ်တို့ ၏ ဒေသအချို့တွင်အချိန်ပိုင်းဓာတ် အားပြတ်တောက်မှုများ ရှိနေမည် ဖြစ်ပါကြောင်း သတင်းရရှိသည်။
ENVOY
Welcome to SeekaHost
10 months ago










0 comments:
Post a Comment