စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, November 23, 2011

မွန်ပါတီ မှတ်ပုံတင်ရေး၊ မတင်ရေး ဒီဇင်ဘာတွင် ဆုံးဖြတ်မည်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ သို့ လာရောက်မည့် ခရီးစဉ် အပြီး တိုးတက်ပြောင်းလဲမှုများကို သုံးသပ်ကာ ပါတီမှတ်ပုံတင်ခြင်း ကိစ္စကို ဆုံးဖြတ်မည်
ဖြစ်ကြောင်း မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ (မွန်ဒီမို)က ပြောသည်။

“နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးသေးသရွှေ့ ကျနော်တို့မှာ သံသယတွေ ရှိတယ်။ ဟီလာရီ ကလင်တန် လာပြီးတဲ့ အထိ စောင့်ကြည့်ဦးမယ်။ ဒါ့ကြောင့် ပါတီမှတ်ပုံတင်တဲ့ ကိစ္စကို ကျနော်တို့ ရွှေ့ဆိုင်းထားတယ်။” ဟု မွန်ဒီမို၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြောသည်။

“ခွန်ထွန်းဦးတို့ စိုင်းညွန့်လွင်တို့ကို ဖမ်းထားတာ မလွှတ်သေးဘူး။ ဒါကို ကျနော်တို့ ဂရုမစိုက်လို့ မရဘူး။ ကျနော်တို့ မွန်တွေကိုထိမှ ကျနော်တို့သိတာ လုပ်လို့မရဘူး။ ကျနော်တို့က UNLD (တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်)၊ UNA (တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့) ကနေ ပေါင်းလာတာ ဒီနေ့ထိပဲ။” ဟု သူက ဆက်ပြော သည်။

တနင်္ဂနွေနေ့က မော်လမြိုင်မြို့တွင် ကျင်းပသည့် ပါတီ ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနားသို့ မြို့နယ်အသီးသီးမှ ပါတီဝင် တရာကျော် တက်ရောက်ပြီး ပါတီမှတ်ပုံတင်ခြင်း ကိစ္စကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပမည့် ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချရန် ရွှေ့ဆိုင်းခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှတ်ပုံတင်ရန် ဆုံးဖြတ်ခြင်းနှင့် ပတ်သက်ပြီး မွန်ဒီမိုအတွင်း ဝေဖန်မှု မရှိသော်လည်း မိမိတို့အနေနှင့် အချိန်အနည်းငယ် စောသေးကြောင်း ဒေါက်တာမင်းစိုးလင်းက သုံးသပ်သည်။

“NLD မှတ်ပုံတင်ဖို့ ဆုံးဖြတ်ပြီး နောက်နေ့မှာပဲ သမ္မတ ဦးသိန်းစိန် ပြောတာရှိတယ်၊ မြန်မာနိုင်ငံမှာ ယုံကြည်ချက်
ကြောင့် အကျဉ်းကျနေတဲ့သူတွေ မရှိဘူးတဲ့၊ ဒါဟာ နိုင်ငံရေးသမားတွေကို အသိအမှတ် မပြုတာပဲ။” ဟု သူက
ပြောသည်။

ပါတီမှတ်ပုံတင်ခြင်း ကိစ္စ အပါအဝင် ပါတီခေါင်းဆောင် ပြောင်းလဲခြင်း၊ ဗဟိုကော်မတီဝင်များ ထပ်မံ ဖြည့်ဆည်း
ခြင်းနှင့် မွန်နိုင်ငံရေးပါတီ တခုတည်း ဖြစ်ရန်အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ညှိနှိုင်းရန် စသည် တို့ကိုလည်း ပါတီ ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနားတွင် ဆွေးနွေးခဲ့ကြသည်။

အသက် ၉၅ နှစ် ရှိပြီး ပါတီ၏ လုပ်ငန်းများ ထမ်းဆောင်နိုင်ခြင်း မရှိတော့သည့် ဥက္ကဋ္ဌ နိုင်ထွန်းသိန်းနေရာတွင် အသက် ၈၉ နှစ် ရှိပြီ ဖြစ်သည့် နိုင်ငွေသိမ်းဖြင့် အစားထိုးခဲ့ကာ နိုင်ထွန်းသိန်းကို ဂုဏ်ထူးဆောင် နာယကအဖြစ် တင်မြှောက်ခဲ့သည်။

မွန်ဒီမို၏ ဖွဲ့စည်းပုံအရ ဗဟိုကော်မတီ ၄၅ ဦး ရှိသည့်အနက် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၂၁ ဦး ရှိကာ လစ်လပ်နေသည့် ဗဟို အလုပ်အမှုဆောင် ကော်မတီ ခုနှစ် ဦးနေရာတွင် မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သည့်
ခေါင်းဆောင် ငါး ဦးဖြင့် အစားထိုးခဲ့သည်။

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀
ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ငါးနေရာ အနိုင်ရခဲ့သည်။ ထိုစဉ်က စစ်အစိုးရ မှ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်တွင် ပါတီခေါင်းဆောင်များ ဖမ်းဆီး ခံရကာ မွန်ပြည်နယ်နေ့ ဖြစ်သည့် ၁၉၉၂ မတ်လ ၁၉ ရက်နေ့တွင် ပါတီ ဖျက်သိမ်းခံရသည်။

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့သည် NLD အပါအဝင် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် ပူးပေါင်းပြီး ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD)၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်နေသော တိုင်းရင်းသားပါတီ တခု ဖြစ်သည်။

0 comments: