စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, November 17, 2011

မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းသော်လည်း ဒေသခံများ သက်မွေးဝမ်းကျောင်းမှု အန္တရာယ်ရင်ဆိုင်နေရ

Local facing livelihood difficulties despite pending Myit Sone dam project

မြစ်ကြီးနား၊ နိုဝင်ဘာ ၁၇၊ ၂၀၁၁ (YPI)

ကချင်ပြည်နယ်မြစ်ဆုံ ရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသည့် အောင်မြင်သာ စံပြ ကျေးရွာမှာ ရွာသားများ အသက်မွေးဝမ်းကျောင်းလုပ်ငန်း တွင်ခက်ခဲရုံမျှမက ဖမ်းဆီးခံရသည့် အန္တရာယ်နှင့်ပါ ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

ယခင်က မြစ်ဆုံ ရွာတွင် သစ်သီးခြံနှင့် တောင်ယာ လုပ်ကိုင် စားသောက်ခဲ့သည့် ရွာသားများအနေဖြင့် ပြောင်းရွှေ့ခံရပြီးနောက် နေရာသစ်များ မှာ ရွှေတူးဖေါ်သည့် ကုမ္ပဏီကြီးများက စွန့်ပစ်ထားသည့် မြေစာပုံများတွင် ရွှေကျင်၍ ၀င်ငွေရှာဖွေခဲ့ကြသည်။

ထိုသို့ ရွှေကျင်နေသော ရွာသား ၁၁ဦးကို ယခင်လ ၂၈ ရက်နေ့က မြစ်ကြီးနား မြို့နယ် အုပ်ချုပ်ရေးမှူး၊ အမှတ် ၁ ရဲစခန်းမှူး ၊လ၀က ၊သစ်တော ၊သတ္တုတွင်းဝန်းကြီး ဋ္ဌာနများမှ ၀န်ထမ်းများပါဝင်သည့် အဖွဲ့က ရိုက်နက်ဖမ်းဆီးခဲ့သည် ဟု မြစ်ဆုံ ဒေသခံတစ်ဦးက ပြောသည်။


ယခင် လယ်စိုက်ခင်းမှာ ရွှေတူးဖေါ်လုပ်ငန်းလုပ်ပြီးသည့်နောက် သဲချောင်းအဖြစ်ကျန်ရစ်ခဲ့ရာ မူလ ပိုင်ရှင်များ ပြန်ရောက်လာသည့်အခါ လယ်စိုက်မရသည့် အခြေအနေဖြစ်သည်။ (ဓါတ်ပုံ-၀ိုင်ပီအိုင်)

“ ကျွန်တော်တို့ ရွာသားတွေက လက်လုပ်လက်စားများတော့ ကုမ္ပဏီကြီးတွေရဲ့ မြေစာပုံတွေမှာ လက်နဲ့ကျင်နေတာကို ဖမ်းသွားပြီး တစ်ယောက်ကို တစ်သိန်းခွဲတောင်းတယ် ဘာမှ မရှိလို ရွေကျင်တာ ဘယ်က ပေးနိုင်မလဲ ဟု ” မြစ်ဆုံ ဒေသခံ သင်းအုပ် ဆရာတစ်ဦးကပြောသည်။

မြစ်ဆုံဒေသ တွင် သတ္တုတွင်း ၀န်ကြီးဌာန နှင့် အကျိုးတူတွဲဖက် လုပ်ဆောင်သည့် လုပ်ငန်းများသာ ရွှေးတူဖော်ခွင့်ရှိကြောင်း ဒေသခံများကို အောက်တိုဘာ ၅ ရက်နေ့နေ့စွဲဖြင့် ထုတ်ပြန်ကာ အောက်တိုဘာလ ၁၀ ရက်နေ့ထက် နောက်မကျစေပဲ ထွက်ခွာသွားရန် အသိပေးခဲ့သည်ဟု ယင်းသင်းအုပ်ဆရာ က ဖြည့်စွက် ပြောသည်။

မြစ်ဆုံဒေသနေ ရွာသားများ၏ လယ်ယာမြေများအား မြစ်ဆုံဆည် ဆောက်လုပ်ရန်အတွက် ယခင်နှစ်က သိမ်းယူခဲ့ပြီး ကျေးရွာသားများကိုလည်း အောင်မြင်သာ စံပြကျေးရွာ စခန်းသို့ ယမန်နှစ်က အတင်းအဓ္ဓမ ပြောင်းရွှေ့စေခဲ့သည်။

အောင်မြင်သာ စံပြ ကျေးရွာဟုခေါ်ဆိုသည့် နေရာသစ်၌ အစိုးရက ပြန်လည်နေရာချ ထားပေးပြီး မိသာစု တစ်စု ကို အိမ်တစ်လုံးနှင့် ၄၀-၆၀ ၊ ၆၀-၈၀၊ ၁၀၀-၁၀၀ ပေ အသီးသီး ရှိသော ခြံ တစ်ခြံစီ၊ လူတစ်ဦးကို တစ်လ ဆန်၎ ပြည်နှင့် ငွေသား အနည်းငယ်ကို အေးရှားဝေါလ် ကုမ္ပဏီမှ တဆင့် တစ်နှစ်ကြာ အထိထောက်ပံ့ခဲ့သည်။

ယခုလက်ရှိ တနှစ်ပြည့်သွားပြီဖြစ်သဖြင့် ထောက်ပံ့မှု ရပ်ဆိုင်းလိုက်ပြီးနောက် ဒေသခံများမှာ မိမိတို့ မူလအသက်မွေးဝမ်းကျောင်း ပြန်လုပ်ကိုင်ရန် အခက်အခဲများစွာနှင့် ကြုံတွေ့နေရသည့် အခြေအနေဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

စက်တင်ဘာ ၃၀ ရက်တွင် သမ္မတဦးသိန်းစိန်က မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့သော်လည်း မြစ်ဆုံရွာသားများ အနေဖြင့် ၎င်းတို့ပိုင် တောင်ယာများကို ပြန်လည် လုပ်လုပ်ကိုင် ရန် အခက်အခဲများနှင့် ကြုံတွေ့နေသည်ဟု မြစ်ဆုံ တန်ဖဲကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

“အခုလိုရွှေတူးလိုက်တော့ ကျွန်တော်တို့ တောင်ယာတွေ အသီးပင်တွေကို မြေကောကားကြီးနဲ့ကောလိုက်ပြီး မြေကြီးတွေ ပြောင်ပြန်လှဲထား ပေးတယ် မြေအောက်က သဲတွေကျောက်တွေက အပေါ်ရောက်နေတော့ ဘာစိုက်လို့မရတော့ဘူး ဖြစ်နေတယ်ဗျာ” ဟု ယင်းဒေသခံကပင် ပြောသည်။

မြစ်ဆုံဒေသခံများအား ပြောင်းရွှေ့နေရာချထားသည့် အောင်မြင်သာ စံပြကျေးရွာ ၊ တောင်ခြေတွင်ဖြစ်သဖြင့် စိုက်ပျိုးလုပ်ကိုင်ရန် ခက်ခဲသည်။ (ဓါတ်ပုံ-၀ိုင်ပီအိုင်)

ယခင်က မြစ်ဆုံရွာသားများ စိုက်ပျိုးထားသော တောင်ယာများနှင့် လယ်ကွင်းများ သစ်သီးခြံများသည် ရွှေတူးလုပ်ငန်းနှင့် မြစ်ဆုံစီမံကိန်းအတွက် လမ်းကြောင်းဖောက်ခြင်းတို့ကြောင့် ယခုအခါ သဲသောင်ပြင် သဖွယ်ဖြစ်နေသည်ကိုတွေ့ရသည်။

မြစ်ဆုံးဒေသ တွင် စက်များဖြစ်ရွှေတူဖော်မူများ ကြီးထွားလာခြင်းနှင့် ရိုးယာလက်လုပ်ရွှေးကျင်သူများ ကို ဖမ်းဆီခြင်သည် လက်ရှိမြန်မာအစိုးရ၏ သဘာဝ ပတ်ဝန်ကျင် သိမ်းထိန်းရေးအတွက်မြန်မာနိုင်ငံရှိ မြစ်ကြီးများတွင် ရွှေတူးဖော်ချင်းကို တားမြစ်ထားသည့် မူကို တိုက်ရိုက်ဆန်ကျင့်နေသည်ဟု ယခုလ ၁၄ရက်နေ့ ကထုတ်ပြန်သည့် KDNG (ကချင်လူမှုဖွံ့ဖြိုးမှု လူမှုကွန်ရက် အဖွဲ့ ) ၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

မြစ်ဆုံဆည်တည်ဆောက်ရန် အတွက် ယင်းဒေသမှ ဒေသခံ ရွာသား ၂၀၀၀ ကျော်ကို ပြောင်းရွှေ့ခဲ့သည်ဟု အစိုးရ သတင်းစာတွင်ဖေါ်ပြသည့် ဆောင်းပါးအရ သိရှိရသည်။

Yangon Press International -Face Book

0 comments: