စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, November 25, 2011

မြန်မာသင်္ဘောသားများပါဝင်သော တောင်ကိုရီးယား ကုန်တင်သင်္ဘောနစ်မြုပ်ပြီး မြန်မာသင်္ဘောသား လေးဦး ပျောက်ဆုံးနေ

နစ်မြုပ်ခဲ့သည့် Bright Ruby ကုန်တင်သင်္ဘောအား တွေ့ရစဉ်


မြန်မာသင်္ဘောသားများပါဝင်သော တောင်ကိုရီးယား ကုန်တင်သင်္ဘောသည် တောင်တရုတ်ပင်လယ်ပြင်တွင် ရာသီဥတု ဆိုးရွားမှုကြောင့် နိုဝင်ဘာလ ၂၁ ရက်နေ့က နစ်မြုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါသင်္ဘောနစ်မြုပ်ခဲ့ပြီးနောက် ယင်းသင်္ဘောတွင်ပါဝင်သော သင်္ဘောသား ၁၄ ဦးအား ကယ်တင်နိုင်ခဲ့ပြီး၊ မြန်မာလေးဦးနှင့် တောင်ကိုရီးယားသုံးဦးတို့ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

တောင်ကိုရီးယားကုမ္ပဏီပိုင် တန်ချိန် ၁၅၀၀၀ ခန့်ရှိ Bright Ruby ကုန်တင်သင်္ဘောသည် နိုဝင်ဘာလ ၂၁ရက်နေ့က တောင်တရုတ်ပင်လယ်ပြင်တွင် ရာသီဥတုဆိုးရွားမှုကြောင့် နစ်မြုပ်ခဲ့သည်။ အဆိုပါသင်္ဘောတွင် မြန်မာလူမျိုးများအပါအ၀င် စုစုပေါင်းသင်္ဘောသား ၂၁ ဦးပါဝင်သည်ဟု သိရသည်။

ဟောင်ကောင်ရေတပ်မှ တာဝန်ရှိသူများသည် ပျောက်ဆုံးလျှက်ရှိသော သင်္ဘောသားများအား အမြန်ဆုံး တွေ့ရှိနိုင်ရန် ရှာဖွေမှုများ ပြုလုပ်လျှက်ရှိသည်ဟု သိရသည်။

Bright Ruby သင်္ဘောမှ ပျောက်ဆုံးနေသော မြန်မာသင်္ဘောသားအချို့၏ မိသားစုဝင်များသည် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများအသင်းသို့ လာရောက်အကြောင်းကြားခြင်း၊ မေးမြန်းဆက်သွယ်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

0 comments: