စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, November 21, 2011

နိုင်ငံအတွက် အသေခံသွားရန် ဆန္ဒရှိကြောင်း ဆီးရီးယားသမ္မတ ပြောကြား



ဆီးရီးယားနိုင်ငံကို မည်သည့်စစ်ရေး ကျူးကျော်မှုမဆို ပြုလုပ်ရန် အလားအလာရှိပါက သွယ်ဝိုက်သောအားဖြင့် မိမိတို့နိုင်ငံသည် အလွန်ဆိုးရွားသောအခြေအနေသို့ ဆိုက်ရောက်သွားနိုင်ကြောင်း၊ ဆီးရီးယားနိုင်ငံအတွက် အသေခံရန်ဆန္ဒရှိကြောင်း ဆီး ရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်က ဗြိတိန်မှ ဆန်းဒေးတိုင်းမ် သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ဆန္ဒပြသူများကို အင်အားသုံး နှိမ်နင်းမှုနှင့်ပတ်သက်၍ အာဆတ်အစိုးရကို နိုင်ငံတကာက စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု ပြုလုပ်ရန် ခြိမ်းခြောက်မှုများ ရှိနေသော်လည်း ဦးညွှတ်သွားမည်မဟုတ်ကြောင်း အာဆတ်က ပြောကြားခဲ့သည်။ ဆီးရီးယားစစ်တပ် အပေါ် မကြာသေးမီက တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ ယင်းမှာ ငြိမ်းချမ်းစွာဆန္ဒပြမှုမဟုတ်ဘဲ လက်နက်ကိုင်တိုက်ခိုက်မှု ကြုံတွေ့ရခြင်းဖြစ်ကြောင်း ဆီးရီးယားသမ္မတက ပြောကြား ခဲ့သည်။

ပြည်ပတပ်များကို ခုခံတိုက်ခိုက်ရင်း အသေခံသွားမည်ဟု အာဆတ်က ကတိပြုခဲ့ကြောင်း ယင်းသတင်းစာက ဖော်ပြခဲ့သည်။ ဆီးရီးယားနိုင်ငံကို အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ခဲ့သော အာရပ်အဖွဲ့ချုပ်သည် ဆီးရီးယားနိုင်ငံကို အနောက်နိုင်ငံများက ကျူးကျော်မှု ပြုလုပ်ရန်အတွက် လမ်းခင်းပေးခြင်းဟု အာဆတ်က စွပ်စွဲခဲ့သည်။ စစ်ရေးကျူးကျော်မှုသည် ဒေသတွင်းတစ်ခုလုံးကို မတည်မငြိမ်ဖြစ်စေပြီး နိုင်ငံအားလုံး ထိခိုက်မည်ဖြစ်ကြောင်း ဆီးရီးယားသမ္မတက ပြောကြားခဲ့သည်။

မြို့တော်ဒမတ်စကတ်တွင် အာရပ်အဖွဲ့ချုပ်ဆုံးဖြတ်ချက်ကို လူအုပ်ကြီးများက ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း ဆီးရီးယား နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဆီးရီးယား နိုင်ငံတွင်းသို့ ပြည်ပသတင်းထောက်များ ၀င်ရောက်ခွင့်မပြုခြင်းကြောင့် ယင်းသတင်းကို အတည်မပြုနိုင်ခဲ့ပေ။

ဆန္ဒပြသူများကို စစ်တပ်က နှိမ်နင်းမှုကြောင့် မတ်လလယ်မှစတင်၍ ယခုအထိ လူ ၃၅၀၀ ကျော်သေဆုံးခဲ့ပြီဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ သို့သော် သေဆုံးသူအရေ အတွက်မှာ ၆၁၉ ဦးသာရှိသည်ဟု အာဆတ်က ပြောကြားခဲ့သည်။ နိုင်ငံတကာဖိအားပေးမှု ပြင်းပြင်းထန်ထန်ခံနေရသော ဆီးရီးယားသမ္မတက လာမည့်နှစ်ဆန်းတွင် သမ္မတရွေး ကောက်ပွဲပြုလုပ်ရန် ဆန္ဒရှိပြီး ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက ရာထူး မှနှုတ်ထွက်မည်ဟု ဆန်းဒေးတိုင်းမ် သတင်းစာနှင့် အင်တာဗျူးတစ်ခု တွင် ပြောကြားခဲ့သည်။

Ref:CNN

0 comments: