စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, November 18, 2011

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန် မြန်မာပြည်လာမည်


Hillary Clinton will visit Burma next year Photo: AP


ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတအိုဘားမား တယ်လီဖုန်းဖြင့် စကားပြောခဲ့

ဘာလီ(အင်ဒိုနီးရှား)၊ နိုဝင်ဘာ-၁၈


မြန်မာနိုင်ငံအတွင်း တိုးတက်မှု ရလဒ်မျာကို စူးစမ်းသောအားဖြင့် အမေရိကန် သမ္မတအိုးဘားမား က ၎င်းသည် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား မြန်မာ နိုင်ငံသို့ လာမည့်ဒီဇင်ဘာလတွင် စေလွှတ်မည်ဖြစ်ကြောင်း ပြော ကြားလိုက်သည်။ မစ္စကလင်တန် မြန်မာနိုင်ငံသို့ ရောက်ရှိပါက ယင်း မှာ နှစ်ပေါင်းငါးဆယ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တစ်ဦး မြန်မာနိုင်ငံသို့ ပထမဆုံး တရားဝင်အလည်အပတ်ခရီးဖြစ် လာမည် ဖြစ်သည်။

၎င်းင်း၏ အရှေ့ တောင်အာရှသို့ သံတမန်ခရီးစဉ် အတွင်း အိုဘားမားက ““တိုးတက် မှုအတွက် သမိုင်းဝင်အခွင့်အရေး တစ်ရပ် ဖြစ်နိုင်မယ့် အရာတစ်ခု ကို ကျွန်တော်တို့ ရယူချင်ပါတယ်။ ပြီး တော့လည်း တကယ်လို့မြန်မာ ပြည်ဟာ ဒီမိုကရက်တစ်ပြုပြင် ပြောင်းလဲရေးလမ်းမပေါ် ဆက် ခရီးသွားမယ်ဆိုရင် ကျွန်တော်တို့ သေချာရှင်းလင်းစေချင်ပါတယ်။ ဒီအခွင့်အရေးက အမေရိကန် ပြည်ထောင်စုနဲ့ဆက်ဆံရေးသစ် တစ်ရပ်ကို ပုံသွင်းပေးနိုင်ပါတယ်”” ဟု ပြောသည်။

ကန်သမ္မတသည် ဘာလီသို့ Air Force One လေယာဉ်ဖြင့် ထွက်ခွာလာစဉ် ကြာသပတေး ည (၁၇၊ နိုဝင်ဘာ) ကလည်း နို ဗယ်ဆုရှင်ဒေါ်အောင်ဆန်းစု ကြည်နှင့် ဖုန်းဆက်စကားပြောခဲ့ ကြောင်း ကန်အစိုးရထိပ်တန်း အရာရှိတစ်ဦးက ပြောသည်။ ကန်အစိုးရက မစ္စကလင်တန်၏ ခရီးစဉ်ကို အိုဘားမား၏ မြန်မာ အပေါ် ပေါ်လစီ၏ အောင်မြင် မှုအဖြစ် ရှုမြင်ထားသည်။ အမေ ရိကန်သည် မြန်မာအပေါ် ပိတ် ဆို့မှုအသစ်များ ပြုလုပ်ထားသော် လည်း (နိုင်ငံရေး) အခြေအနေ ပြောင်းလဲပါက ပိုမိုကောင်းမွန် သော ဆက်ဆံရေးကို တံခါးဖွင့် ပေးထားမည်ဖြစ်ကြောင်း ရှင်း လင်းစွာပြောကြားထားသည်။

““နှစ်ပေါင်းများစွာ အမှောင် အတိ ဖုံးလွှမ်းခဲ့ပြီးနောက် ဒီရက် သတ္တပတ်အနည်းငယ်မှာပဲ တိုး တက်မှုအရိပ်အရောင်တွေ ကျွန်တော်တို့ မြင်လာရပါတယ်”” ဟု အိုဘားမားက ဆိုသည်။ သို့ သော် ၎င်းင်းက မြန်မာ၏ လူ့အခွင့် အရေးမှတ်တမ်းများကို ပူပန်နေ ဆဲဖြစ်ကြောင်း ဆိုသည်။ ၀န်ကြီး ကလင်တန်၏ ခရီးစဉ်သည် နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှုများ၊ တစ်ဦး ချင်း လူ့အခွင့်အရေးများနှင့် အ မျိုးသားပြန်လည်စည်းလုံးညီညွတ် ရေးတို့အတွက် တိုးတက်မှုရှိရန် အမေရိကန်က မည်သို့ထောက်ပံ့ ပေးနိုင်မည်ကို ရှာဖွေသွားမည်ဟု သိရသည်။

သမ္မတအိုဘားမားသည် မြန်မာသမ္မတဦးသိန်းစိန်နှင့် သော ကြာနေ့ နိုဝင်ဘာ ၁၈ ရက်တွင် အရှေ့တောင်အာရှထိပ်သီးဆွေးနွေးပွဲ ကာလအတွင်း တွေ့ဆုံမည် ဖြစ်သည်။

0 comments: