စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, November 20, 2011

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို အခြေအနေနှင့် အချိန်အခါကြည့်၍ လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်

ယုံကြည်ချက်ကြောင့် အကျဉ်း ကျခံနေရသူများကို အခြေအနေနှင့် အချိန်အခါကြည့်၍ လွတ်ငြိမ်းချမ်း သာခွင့်ပြုသွားမည်ဖြစ်ကြောင်း နိုင် ငံတော်သမ္မတဦးသိန်းစိန်ကနိုဝင်ဘာ လ၁၉ရက်နေ့တွင်မြန်မာသတင်းသမား များကို ပြောကြားခဲ့ပါသည်။

အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးသည့် ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရသူများကို ထပ်မံလွတ်ငြိမ်းချမ်းသာခွင့်ပြုရန် အစီအစဉ်ရှိမရှိနှင့် ထိုကိစ္စနှင့်ပတ် သက်သော အခြေအနေကို သတင်း ထောက်တစ်ဦးက မေးမြန်းခဲ့ရာ နိုင် ငံတော် သမ္မတကြီးက ထိုသို့ဖြေ ကြားခဲ့ခြင်းဖြစ်ပါသည်။

''တိုင်းပြည်ရဲ့အခြေအနေ အချိန်အခါ ပေါ်မှာ ကြည့်ပြီး တော့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ကလည်း လုပ်ပိုင်ခွင့် ကို သမ္မတကို အပ်နှင်း ထားတာ။ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ရတယ်။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ရတယ်။ အခြေအနေအချိန်အခါ ပေါ်မှာ ကြည့်ပြီးတော့သာ လုပ်သွား ရမှာပါ။ ဘာကြောင့်လဲဆိုရင် ကိုယ့် နိုင်ငံသား တွေ ဖြစ်လို့ပါ။''


ပြည်သူ့အမြင် ။ ။မှန်တာပေါ့ဗျာ။ ကိုယ့်နိုင်ငံသားအချင်းချင်း သတ်ဖြတ်နေလို့၊ ကိုယ့်နိုင်ငံသားအချင်းချင်း ဒုက္ခပေးနေလို့ လက်ရှိ မြန်မာနိုင်ငံအတွက် အင်မတန် အလိုအပ်ဆုံး ဖြစ်နေတဲ့အမျိုးသား ပြန်လည်သင့်မြတ်မှုကို မတည်ဆောက်နိုင်တာပါပဲ။ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ဆိုတာ အခုလိုအခြေအနေ၊ အချိန်အခါထက် ပိုပြီးသင့်တော်တာ မရှိတော့ပါဘူး။ အခြေအနေကောင်း၊ အချိန်အခါကောင်းကို ရွေးတတ်တဲ့ သမ္မတရဲ့ အရည်အချင်းကို ဖော်ထုတ်ပြသဖို့ အခွင့်အလမ်းပါပဲ။

0 comments: