စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, November 17, 2011

အိန္ဒိယနှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ရယူရန် သြစတြေးလျ၊ အမေရိကန်ကို တောင်းဆို



(AFP) တရုတ်၏ ရန်လိုနေသည့် ရေတပ်ချဲ့ထွင်ခြင်းကို တန်ပြန်သည့်အနေဖြင့် သြစတြေးလျ၊ အမေရိကန်တို့သည် အိန္ဒိယနှင့် ၃ဦးဆိုင် လုံခြုံရေး ဆွေးနွေးသင့်သည်ဟု ထုတ်ပြန်ချက်တခုက ပြောသည်။

လူအများလေးစားရသည့် သြစတြေးလျ Lowyအဖွဲ့၊ အိန္ဒိယ လွတ်လပ်စောင့်ကြည့် သုတေသန ဖောင်ဒေးရှင်းနှင့် အမေရိကန်

ကောင်ဆာဗေးတစ် အမွေ ဖောင်ဒေးရှင်းတို့က ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်တိုက်ဖျက်ရေး အပါအ၀င် အိန္ဒိယနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပိုမိုလုပ်ဆောင်ရန် ထုတ်ပြန်ချက်က တောင်းဆိုသည်။

“ဒီစာတမ်းက သြစတြေးလျ-အမေရိကန်-အိန္ဒိယ ဆွေးနွေးဖို့ စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေး ကိစ္စတွေကို အကြံပေးထားတာပါ” ဟု ထုတ်ပြန်ချက်က ဆိုသည်။

“၃ နိုင်ငံအကြေား ယုံကြည်ချက်တည်ဆောက်နိုင်ပါက နိုင်ငံများအကြား လုံခြုံရေး ကိစ္စဖြင့်စတင်၍ နီးကပ်သည့်ဗျူဟာနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ရှာဖွေနိုင်မည်ဖြစ်သည်”

“စောင့်ကြည့်ခြင်း၊ ရေပိုင်နက်အတွက်သီးသန့် ဆောင်ရွက်ချက်များ၊ ရေငုတ်သဘောင်္ တိုက်ဖျက်ရေးနှင့် ဒုံးကာကွယ်ရေး အဆင့်မြင့်တင်ရေးတို့ ပါဝင်သင့်သည်” ဟု စာတမ်းက ဆိုသည်။

ယင်းစာတမ်းကို “ပန်းတိုင် ဝေမျှခြင်းနှင့် အကျိုးကျေးဇူးကို စူးစိုက်ခြင်း- အင်ဒိုပစိဖိတ်တွင် အမေရိကန်-သြစတြေးလျ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်” ဟု ခေါင်းစဉ်ပေးထားပြီး အိန္ဒိယက သြစတြေးလျကို လုံခြုံရေးအတွက် အရေးပါသည့် လက်တွဲဖော်အဖြစ် ဆက်ဆံခြင်းမရှိသေးကြောင်းလည်း ထောက်ပြထားသည်။

၂၀၀၉ ခုနှစ်က သြစတြေးလျနှင့် အိန္ဒိယတို့သည့် လုံခြုံရေးအတွက် ပူးပေါင်းကြေညာချက်ကို လတ်မှတ်ရေးထိုးခဲ့သည်။သို့သော်လည်း ယင်းနောက်ပိုင်း စစ်ရေး လေ့ကျင့်သည့် အရှိန်အဟုန်လျော့ကျခဲ့သည်ဟု ထုတ်ပြန်ချက်က ထောက်ပြထား သည်။



“သိသာထင်ရှားသည့် အဓိကအကြောင်းအရင်းက မြို့ပြနှင့်ဆိုင်သည့် နေရာများတွင်အသုံးပြုရန်အတွက် သြစတြေးလျက ယူရေနီယံ ရောင်းချမှုကို ပိတ်ပင်ခဲ့သဖြင့် အိန္ဒိယက စိတ်ပျက်ခဲ့သည်” ဟု ထုတ်ပြန်ချက်က ရေးသားထားသည်။

အိန္ဒိယ၏ စွမ်းအင်လိုအပ်ချက် ဖြည့်မှီစေရန်အတွက် သြစတြေးလျကို ထုတ်ပြန်ချက်က တောင်းဆိုထားသည်။

သြတြေးလျနှင့် အိန္ဒိယ ရေတပ်များသည် ထိစပ်နေသည့် ရေပိုင်နက်ကို သေချာ ကြီးကြပ်လေ့လာသင့်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

၂၀၀၉ ခုနှစ်မှ စတင်၍ တောင်တရုတ်ပင်လယ်တွင် တရုတ်က တခြားနိုင်ငံများကို နှောင့်ယှက်သည့် အခြေအနေများကိုလည်း ထောက်ပြခဲ့ပြီး တရုတ်နှင့် အိန္ဒိယတို့ ရေတပ်အင်အား ပြိုင်ဆိုင်မှုသည် ပိုမို ပြင်းထန်လာဖွယ်ရှိကြောင်းလည်းဆိုသည်။ Source; AFP

0 comments: