စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, November 19, 2011

ဘိုးအင်း ၇၃၇ အစင်း ၂၃၀ ကျော် အင်ဒိုပုဂ္ဂလိက လေကြောင်းလိုင်းက ဝယ်ယူမှုတွင် အိုဘားမားတက်ရောက်ခဲ့




အမေရိကန်လေယာဉ်ကုမ္ပဏီ ဘိုးအင်းမှ ဘိုးအင်း ၇၃၇ လေ ယာဉ် အစင်း ၂၃၀ ကျော်ကို အင်ဒိုပုဂ္ဂလိ ကလေကြောင်းလိုင်း Lion က ဝယ် ယူမှုအတွက် လက်မှတ်ထိုးသည့် အခမ်းအနားကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားတက်ရောက် ဂုဏ် ပြုပေးခဲ့ကြောင်းသိရသည်။

ဘိုးအင်း၏သမိုင်းတစ် လျှောက်အများဆုံးခရီးသည်တင် လေယာဉ်မှာယူမှုလည်းဖြစ်သည်။Lion လေကြောင်းလိုင်းသည် အမေ ရိကန်ဒေါ်လာ ၂၁ ဒသမ ၇ ဘီလျံ ဖိုးရှိလေယာဉ်များကိုဝယ်ယူရန် လက်မှတ်ထိုးခဲ့ခြင်းခြင်းဖြစ်သည်။

အိုဘားမားက ယခုသဘော တူညီချက်သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ အာရှပစိဖိတ်ဈေးကွက်တွင်ရှိနေ ကြောင်းဥပမာတစ်ရပ်ဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။ယခုမှာယူ မှု ကြောင့် အမေရိကန်တွင် အလုပ် အကိုင် ၁၀ဝ၀ဝ၀ ခန့် ထပ်မံရရှိ သည့်သဘောလည်းဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

လက်မှတ် ရေးထိုးသည့်အခမ်း အနားတွင် အို ဘားမားပြောကြား သွားသည့် မိနစ် ပိုင်းမျှသာရှိသည့် ပြောစကားကို မီဒီယာစင်တာတွင် ပြန်လည်ထုတ် ပြန်ပေးရာ၌ အိုဘားမားမိန့်ခွန်း ပြန် လည်ထုတ် လွှင့်မည်ဟု ကြေညာ သောကြောင့် ဂျာနယ်လစ်များမှာ အသံနှင့် အရုပ်ဖမ်းယူရေးအတွက် မီဒီယာ စင်တာအတွင်းရှိ Broadcast Center ရှေ့တွင် စုဝေးခဲ့ကြသည်။

တစ် ကယ်တမ်းတွင် အရောင်းအဝယ် သဘောတူညီချက်၌တက်ရောက် ပြောကြားသည့် စကားတိုမျှသာ ဖြစ်နေခြင်းနှင့် မှတ်တမ်းဖိုင်တွင် အိုဘားမားမလာမီ စောင့်နေကြသူ များ အရွှန်းဖောက်နေပုံ၊အိုဘားမား ပြန်ထွက်သွားပြီးနောက် တစ်ဦးက နောက်ပြောလိုက်ပုံများ ပါရှိလာရာ ဂျာနယ်လစ်များ ပွဲကျခဲ့ရသည်။

0 comments: