စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, November 20, 2011

အာဆီယံနိုင်ငံများမှ စာရင်းစစ်ချုပ်များပါဝင်သော အာဆီယံလုပ်ငန်းစစ်ချုပ်အဖွဲ့ ဖွဲ့စည်း

အာဆီယံနိုင်ငံများမှ စာရင်းစစ်ချုပ်များပါဝင်သော အာဆီယံလုပ်ငန်းစစ်ချုပ် အဖွဲ့(ASEAN Supere- me Audit Institution) ကို ပထမဆုံးအဖြစ် နိုဝင်ဘာလ ၁၆ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအဖွဲ့ကို နိုဝင်ဘာလ ၁၆ရက်နေ့ နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၊ နူဆာဒူအာရှိ ဘာလီနိုင်ငံတကာ ကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်ခဲ့သော အာဆီယံစာရင်းစစ်ချုပ်များ၏ ဆွေးနွေးပွဲတွင် အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။

'' ရှင်းရှင်းလင်းလင်းပြောရရင် အာဆီယံ စာရင်းစစ်ချုပ်ရုံးဆိုတာ ဆယ်နိုင်ငံလေ။ အခုမှ ပထမဆုံး စဖွင့်တာ။ ဒီနေ့ အဲဒီအတွက်ကို လုပ်ကြတာ။ ဒီအဖွဲ့က စာရင်းစစ်တဲ့ ကိစ္စတွေကို အဓိကထား လုပ်ကြမယ်။ Good Governance ကိစ္စတွေမှာ အဓိကက ဒီအဖွဲ့၊ ဒီအဖွဲ့ ကောင်းမှ Good Governance က ပိုကောင်းမှာ။နောက်ပြီး Clean Government ဆိုတာလည်း ဒါပဲ။ ဒီနေ့ အင်ဒိုနီးရှား သမ္မတကြီးနဲ့ တွေ့တော့လည်း သမ္မတကြီးက ဒါကိုပဲပြောတယ်။ အရေးကြီးတယ်ဆိုတာကိုပါ'' ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘဏ္ဍာရေး ကော်မရှင်အဖွဲ့ဝင်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင်က Eleven Media Group သို့ အတည်ပြု ဖြေကြားခဲ့ပါသည်။

အာဆီယံ စာရင်းစစ်ချုပ်များပါဝင်မည့် အဆိုပါလုပ်ငန်း စစ်ချုပ်အဖွဲ့တွင် ကော်မတီလေးရပ် ဖွဲ့စည်းထားပြီး ထိုကော်မတီများမှာ Strat- egies Planning ကော်မတီ၊ Rules and Procedures ကော်မတီ၊ Training ကော်မတီ၊ Knowledge Sharing ကော်မတီတို့ ဖြစ်ကြကြောင်း သိရပါသည်။ အာဆီယံလုပ်ငန်းစစ်ချုပ်အဖွဲ့ (SAI) ဖွဲ့စည်းခြင်းကို နိုဝင်ဘာလ ၁၇ရက်နေ့တွင် စတင်ပြုလုပ်မည့် အာဆီယံထိပ်သီးဆွေးနွေးပွဲသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရပါသည်။ နိုဝင်ဘာလ ၁၆ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သော အာဆီယံ စာရင်းစစ်ချုပ်များ၏ ဆွေးနွေးပွဲသို့ ယခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌ ဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတ ဆူဆီလိုဘမ်ဘန်းယူဒိုယိုနို တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားခဲ့ရာတွင် ကောင်းမွန်သော အစိုးရအဖွဲ့ဖြစ်ရန်အတွက် အာဆီယံနိုင်ငံများအကြား စောင့်ထိန်းရမည့် အခြေခံမူများကို ပိုက်ထွေးပြီး အာဆီယံ ပဋိညာဉ်အတိုင်း ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်းနှင့် အာဆီယံလုပ်ငန်းစစ်အဖွဲ့ချုပ်ကို ပီပီပြင်ပြင် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်းတို့ကို လည်း ပြောကြားခဲ့ပါသည်။

ပထမဆုံး ဖွဲ့စည်းလိုက်သော အာဆီယံလုပ်ငန်းစစ်ချုပ်အဖွဲ့(SAI) အဖွဲ့ကို အင်ဒိုနီးရှားနိုင်ငံ စာရင်းစစ်ချုပ်က ဦးဆောင်ထားပြီး အဖွဲ့အနေဖြင့် အာဆီယံနိုင်ငံများအကြား ကောင်းမွန်သောအစိုးရနှင့် သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်စေရန် ခြစားမှုနှင့် ငွေကြေး မသမာမှုများကိုပါ ကိုင်တွယ်လုပ်ဆောင်သွားဖွယ်ရှိနေကြောင်း သိရှိရပါသည်။

0 comments: