စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, November 21, 2011

အာရှတွင် အမေရိကန်ရှိနေမည်ဟု အိုဘားမားပြောကြား

သြစတြေးလျနိုင်ငံ၊ ဒါဝင်အခြေစိုက်စခန်းတွင် သြစတြေးလျတပ်သားများနှင့် အမေရိကန် မရိန်းတပ်သားများကို အိုဘားမားမိန့်ခွန်း ပြောနေစဉ်


ကာကွယ်ရေးအသုံးစရိတ် လျော့ချမှုများရှိနေသော်လည်း အာရှ- ပစိဖိတ်တွင် အမေရိကန်နိုင်ငံက ၎င်း၏စစ်ရေးကဏ္ဍကို တိုးမြှင့်သွားမည်ဟု အမေရိကန်သမ္မတဘာရက် အိုဘားမားက နိုဝင်ဘာလ ၁၇ ရက်တွင် ပြောကြား ခဲ့သည်။ အာရှဒေသ အနာဂတ်ပုံဖော်ရာတွင် ပစိဖိတ်အင် အားကြီးတစ်ခုအဖြစ် ကူညီပေးရန် အမေရိကန်သည် အာရှတွင်ရှိနေခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

အမေရိကန်စစ်ဘက်သည် အာဖဂန်၊ အီရတ်စစ်ပွဲအပေါ် အာရုံစိုက်နေရာမှ အာရှဒေသကို ပိုမိုအာရုံစိုက်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် အရှေ့တောင်အာရှဒေသတွင်း စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန်အတွက် ကူညီပေးသွား မည်ဖြစ်ကြောင်း အိုဘားမားက သြစတြေးလျလွှတ်တော်တွင် ပြောကြားခဲ့သည်။ အာဖဂန်၊ အီရတ် စစ်ပွဲများအပြီးတွင် အာရှပစိဖိတ်ဒေသကို ဦးစားပေးအဖြစ် အာရုံစိုက်ရန် အမေရိကန် အမျိုးသားလုံခြုံရေးအဖွဲ့ကို ညွှန်ကြားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်ကာကွယ်ရေး အသုံးစရိတ်လျော့ချမှုသည် အာရှပစိဖိတ်ဒေသအတွက် သက်ရောက်မှုရှိမည် မဟုတ်ကြောင်းကို ထပ်ခါထပ်ခါ ပြောကြားလိုကြောင်း အမေရိကန်သမ္မတက ပြောကြားခဲ့သည်။ တရုတ်နှင့် နားလည်မှုတိုးမြှင့်ရန်နှင့် နားလည်မှု လွဲမှားမှုရှောင်လွှဲနိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အရှေ့တောင်အာရှတွင် အမေရိကန်စစ်ဘက်က အင်အားတိုးချဲ့မှု ပထမခြေလှမ်းအဖြစ် သြစတြေးလျ မြောက်ပိုင်း၌ အမေရိကန်မရိန်း တပ်ဖွဲ့ဝင်များ၊ ရေတပ်သင်္ဘောများ၊ လေယာဉ်တင်သင်္ဘောများကို ၂၀၁၂ ခုနှစ်မှစ၍ တပ်စွဲမည်ဖြစ်သည်။ယင်း တပ်စွဲမည့်နေရာသည် အင်ဒိုနီးရှားနှင့် မိုင် ၅၀၀ ခန့်သာဝေးပြီး အရှေ့တောင်အာရှနိုင်ငံများနှင့် အိန္ဒိယသမုဒ္ဒရာသို့ အလျင်အမြန် သွားရောက်နိုင်မည်ဖြစ်သည်။

ပိုင်ဆိုင်မှုအငြင်းပွားနေသော တောင်တရုတ်ပင်လယ်နှင့် ပိုမိုနီးကပ်သောနေရာများတွင် အမေရိကန်က တပ်ဖွဲ့ဝင်များ၊ သင်္ဘောများ၊ လေယာဉ်များ ထပ်မံတပ်စွဲမည်ဖြစ်ကြောင်း သိရသည်။ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံတို့သို့ အမေရိကန်ရေတပ် သင်္ဘောများ တိုးမြှင့်စေလွှတ်သွားမည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံနှင့် ပင်လယ်ဓားပြနှိမ်နင်းရေး လုပ်ဆောင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အိန္ဒိယနှင့် ဒေသတွင်းလုံခြုံရေးအတွက် လက်တွဲလုပ်ဆောင်မည်ဖြစ်သည်။

ကမ္ဘာ့စီးပွားရေး၏ ထက်ဝက်ကျော်ရှိသော၊ အလျင်အမြန်တိုးတက်နေသော အာရှပစိဖိတ်ဒေသအပေါ် အာရုံစိုက်မှုသည် အမေရိကန်စီးပွားရေးအနာဂတ်အတွက် အရေးပါကြောင်း၊ ယင်းဒေသသည် အမေရိကန်ပြည်သူများ အတွက် အလုပ်အကိုင်နှင့် အခွင့်အရေးများ ဖန်တီး ပေးမည်ဖြစ်ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။

Ref:Reuters

0 comments: