
ဗြိတိန်မင်းသားဝီလျံကို ဖောက်ကလန်ကျွန်းစုတွင် တာဝန်ထမ်းဆောင်ရန် လာမည့်နှစ်၊ ဖေဖော်ဝါရီလတွင် စေလွှတ်မည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အသက် ၂၉ နှစ်အရွယ် ၀ီလျံသည် ရှာဖွေကယ်ဆယ်ရေး လေယာဉ် မှူးအဖြစ် ခြောက်ပတ်ကြာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး တော်ဝင်လေတပ်မှ အခြားလေယာဉ်မှူးသုံးဦးနှင့်အတူ စေလွှတ်ခံရမည်ဖြစ်ကြောင်း လေတပ်အခြေစိုက်စခန်းက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ဧပြီလတွင် ကိတ်မစ်ဒယ်လ်တန် နှင့် မင်္ဂလာဆောင်ခဲ့သော ၀ီလျံသည် ရှာဖွေကယ်ဆယ်ရေးလေယာဉ်မှူး တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရန် စွမ်းဆောင် ရည်ပြည့်မီကြောင်း ပြီးခဲ့သောနှစ် စက်တင်ဘာလတွင် သတ်မှတ်ခံရသည်။ ဗြိတိန်သည် ဖောက်ကလန် ကျွန်းစုများကို ၁၈၃၃ ခုနှစ်ကစ၍ ထိန်းချုပ်ထားပြီး အာဂျင်တီးနားကမူ ဖောက်ကလန်သည် အာဂျင်တီးနား၏ သိမ်းပိုက်ခံထားရသော အစိတ်အပိုင်းဟု ယူဆထားသည်။
၁၉၈၂ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် အာဂျင်တီးနားအာဏာရစစ်တပ်က ဖောက်ကလန်ကို ကျူးကျော်ခဲ့ပြီး မင်းသားဝီလျံမမွေးမီ တစ်ပတ်တိတိ ဇွန်လ ၁၄ ရက်နေ့တွင် လက်နက်ချခဲ့သည်။ ယင်းစစ်ပွဲအတွင်း အာဂျင်တီးနား စစ်သား ၆၀၀ ကျော်နှင့် ဗြိတိန်စစ်သား ၂၅၅ ဦးသေဆုံးခဲ့သည်။
Ref:CNN
Welcome to SeekaHost
10 months ago










0 comments:
Post a Comment