စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, November 21, 2011

ကျောက်တန်းမြို့တွင် GSM တာဝါတိုင် ဆောက်လုပ်ရန် မြေတူးဖော်စဉ် ရွှေပြားများနှင့် ဘုရားဆင်းတုတော်များ တွေ့ရှိ

တူးဖော်ရရှိသော ရွှေပြားများ၊ ဘုရားဆင်းတုတော်များနှင့် အုတ်ခွက်များအား တွေ့ရစဉ်


၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၄၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့ အလယ်ပိုင်းရပ်ကွက် မင်းလမ်းရှိ ဆက်သွယ်ရေး စာတိုက်ဝင်းအတွင်းတွင် ရတနာပုံ တယ်လီပို့မှ GSM တာဝါတိုင် ဆောက်လုပ်ရန်အတွက် မြေတူးနေစဉ် မြေကြီးအနက် သုံးပေခန့် အရောက်၌ ရှေးဟောင်းပစ္စည်းများ ဟု ယူဆရသော ပစ္စည်းအများအပြား တွေ့ရှိခဲ့ကြောင်း သိရှိရသည်။


တူးဖော်ရရှိသော ရွှေပြားများ၊ ဘုရားဆင်းတုတော်များနှင့် အုတ်ခွက်များအား တွေ့ရစဉ်


ယင်းပစ္စည်းများမှာ အလေးချိန် ၂၀ ပိဿာ ၆၅ ကျပ်သားရှိ ကြေးဟု ယူဆရသော သုံးပေခန့် မတ်ရပ်ကိုယ်တော် တစ်ဆူ၊ အလေး ချိန် ၈၅ ကျပ်သားရှိ ကြေးဟုယူဆရသော ၁၀ လက်မ မတ်ရပ်ကိုယ် တော် တစ်ဆူ၊အလေးချိန် ၈၀ ကျပ်သားရှိ ကြေးဟုယူဆရသော တင်ပျဉ်ခွေကိုယ်တော် တစ်ဆူ၊ အလေးချိန် ၁၅ ကျပ်သားရှိ ကြေး ဟုယူဆရသော ခုနစ်လက်မ မတ် ရပ်ကိုယ်တော်တစ်ဆူ၊ အလေးချိန် ၁ ပိဿာ ၁၅ ကျပ်သားရှိ ကြေး ဟုယူဆရသော ၅ ဒသမ ၆ လက်မ ရှိ တင်ပျဉ်ခွေကိုယ်တော်နှစ်ဆူ၊ အလေးချိန် ၁၅ ကျပ်သားရှိ ကြေး ဟုယူဆရသောသုံးလက်မ တင်ပျဉ် ခွေ တစ်ဆူ၊ ရွှေအလေးချိန် ၄ ကျပ် ၅ ပဲသားရှိ ရွှေပြားကပ်ခုနစ်လက်မ ခန့် တင်ပျဉ်ခွေ တစ်ဆူ၊ ရွှေအလေး ချိန် ၁ ကျပ် ၁၄ ပဲသားရှိ ခြောက် လက်မ၊ ရွှေပြားကပ်တင်ပျဉ်ခွေ တစ်ဆူ၊ ရွှေအလေးချိန် ၃ ကျပ် ၁၃ ပဲသားရှိ ရှစ်လက်မ ရွှေပြားကပ် တင် ပျဉ်ခွေပုံတော်တစ်ဆူ၊ နှစ်လက်မ အရွယ် တင်ပျဉ်ခွေအုတ်ဘုရား တစ်ဆူ၊ အလျား ၁၀ လက်မအနံငါး လက်မ၊ အလေးချိန် ၂ ကျပ် ၈ ပဲ ၄ ရွေးသားရှိ ရွှေပြားတစ်ပြား၊ အလေး ချိန် ၁ ကျပ် ၁၁ ပဲ ၄ ရွေးရှိ အလျား ခုနစ်လက်မ၊ အနံ လေးလက်မ ရွှေပြားခတ် တစ်ပြား၊ အလေးချိန် ၂ ကျပ် ၄ ပဲ ၄ ရွေးရှိ အလျားခြောက် လက်မ၊ အနံလေးလက်မ ရွှေပြား ခတ်တစ်ပြား၊ သုံးလက်မပတ်လည် ခန့်ရှိအုတ်ခွက်ဘုရားသုံးဆူ၊ အလေး ချိန် ၃ ပိဿာ ၅၀ ကျပ်သားရှိ ကြေးဟုထင်ရသော ရှစ်လက်မပတ်လည် ကလပ်တစ်ခု၊ အလေးချိန် ၇၅ ကျပ်သားရှိ ကြေးဟုထင်ရသော အချင်းငါးလက်မ၊ အမြင့်သုံးလက်မရှိ ကြေးကလပ်တစ်ခု၊ အလေးချိန် ၈၀ ကျပ်သားရှိ အလျား လေးလက်မ၊ အမြင့် ခုနစ်လက်မ၊ အနံ ၃ ဒသမ ၆ လက်မရှိ ကြေးဟုထင်ရသော ပုလ္လင် တစ်ခု၊ အလေးချိန် ၂၀ ကျပ် သားရှိ ကြေးဟုထင်ရသော အလျား ၅ ဒသမ ၆ လက်မ၊ အနံ သုံး လက်မရှိနဂါးခေါင်းပုံ တစ်ခု၊ အချင်း ၁၁ လက်မ၊ အမြင့် ငါးလက်မရှိ ကျောက်ခွက် တစ်ခု၊ အချင်း ၆ ဒသမ ၆ လက်မ၊ အမြင့် ၁၃ လက်မ (အဖုံးပါ)အုတ်ဖြင့် ပြုလုပ်ထားသော အိုးတစ်လုံး၊ ကျောက်ခွက် အပိုင်းအစ သုံးခုတို့ဖြစ်ကြောင်း သိရသည်။

“ဆက်သွယ်ရေး တာဝါတိုင်ဆောက်ဖို့ မြေတူးတဲ့အခါမှာ မထင်မှတ်ဘဲနဲ့ အခုလို ဆင်းတုတော်တွေ၊ ပစ္စည်းတွေ အများအပြားကို တွေ့ရှိခဲ့တာပါ။ ပထမဆုံးမြေတူးတဲ့အခါ သုံးပေလောက် အနက်အရောက်မှာ တွေ့ရှိခဲ့ပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ယဉ်ကျေးမှု ဌာန တာဝန်ရှိသူတွေက ဒီပစ္စည်းတွေ ကိုလာရောက်စစ်ဆေးခဲ့ပါတယ်” ဟု ကျောက်တန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက ပြောကြားသည်။

တူးဖော်တွေ့ရှိခဲ့သော ပစ္စည်းများကို ကျောက်တန်းမြို့ ဆင်ကန်ရပ်ကွက်ရှိ မြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်ကျောင်း (စိတ္တသုခကျောင်း)သို့ ယာယီပို့ဆောင်ပူဇော်ထားပြီး လာရောက်ဖူးမြော် ကြည်ညိုသော ဧည့်ပရိသတ်များ များပြားလျက်ရှိကြောင်း သိရသည်။

Eleven media group

0 comments: