ယနေ့ ညနေ ၅နာရီခွဲက သာကေတ ၁၃ ရပ်ကွက် ဇေယျဝတီ ၂ လမ်းနောက်ဖက်ခြမ်း လောင်စာဆီသိုလှောင်ထားသည့် အိမ်မှ မီးစတင်လောင်ကျွမ်းရာ နေအိမ် ၈ လုံး မီးလောင်ကျွမ်းသွားပြီး အိမ်ထောင်စု ၁၇ စု လူဦးရေ ၉၀ အိုးအိမ်မဲ့ ဖြစ်သွားရသည်။ မီးကို ညနေ ၆ နာရီကျော်တွင် ငြိမ်းသတ်နိုင်ပြီး အရံမီးသတ် ၂ ဦးနှင့် အသက် ၃၀ အရွယ် အမျိုးသမီးတဦး ဒဏ်ရာရရှိသွားသည်။

0 comments:
Post a Comment