စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, November 18, 2011

NLD ပါတီ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာအားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်



ပြည်နယ်နှင့်တိုင်းဒေသကြီး ဗဟိုဦးစီးအဖွဲ့ဝင်များနှင့် လုပ်ငန်းအဖွဲ့များ ဆွေးနွေးဆုံးဖြတ်ချက်အရ NLD ပါတီ မှတ်ပုံတင်မည်ဖြစ်ပြီး လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ပြောင်းလဲလိုက်သောနိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဥပဒေအရ အကျဉ်းကျခံရသူများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရန် မလိုအပ်တော့ခြင်း၊ ဖွဲ့စည်းပုံကို လေးစားလိုက်နာရမည်ဟု ပြင်ဆင်လိုက်ခြင်းနှင့် အမျိုးသားလွှတ်တော်နာယက က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကြောင်း မီဒီယာများသို့ ပြောကြားခဲ့ခြင်း စသည့်အချက်များသည် ပါတီမှတ်ပုံတင်ရန် လက်ခံထိုက်သော အကြောင်းအရာများဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

"နေရာ ၄၀ ကျော်နဲ့ ဘာလုပ်ရမှာလဲလို့ ပြောတဲ့သူတွေရှိပါတယ်။ အဲဒီ ၄၀ ကျော်နေရာအားလုံးမှာ အနိုင်ရအောင်လုပ်ပြီး ကြိုးစားကြပါလို့ပဲ တိုက်တွန်းပါတယ်"
ဟု သူမက ပြောကြားသွားခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာများမှာ တစ်နိုင်ငံလုံးအနေအထားအရ ၄၈ နေရာရှိပြီး အမျိုးသားလွှတ်တော် ၆ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၂ နေရာ၊ ပြည်သူ့လွှတ်တော် နေရာ ၄၀ တို့ဖြစ်သည်။

အဆိုပါ လစ်လပ်နေရာ ၄၈ နေရာတွင်ဝင်ပြိုင်ရန်အတွက် ပါတီအတွင်းရွေးချယ်ရာတွင် သဘောထားကြီးကြီးနှင့် အနာဂတ်ကိုကြည့်ပြီး ရွေးချယ်ရမည်ဖြစ်ကာ ထိုရွေးချယ်မှုသည် စမ်းသပ်မှုတစ်ရပ်ဖြစ်သည်ဟု သူမက ထပ်လောင်းပြောကြားသည်။ အဆိုပါကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၀င်ရောက်ယှဉ်ပြိုင်ရန် ရှိ၊ မရှိကိုမူ ယခုအထိ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

အိဖြူလွင် (7Day News)

0 comments: