စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, November 22, 2011

Save Irrawaddy SF ရဲ့ ဧရာဝတီချစ်သူများဆွေးနွေးပွဲ ရုပ်သံမှတ်တမ်း ပထမပိုင်းထွက်


Save Irrawaddy SF ရဲ့ ဧရာဝတီချစ်သူများဆွေးနွေးပွဲ ရုပ်သံမှတ်တမ်း ပထမပိုင်းထွက်
မိုးမခ၊ နိုဝင်ဘာ ၂၂၊ ၂၀၁၁ (Save Irrawaddy SF Video Team)

နိုဝင်ဘာ ၁၉၊ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ စင်ထရယ်ဗီးလ်ကွန်မြူနီတီစင်တာမှာ ကျင်းပတဲ့ မြန်မာပြည်ရဲ့ ဧရာဝတီချစ်သူများဟောပြောပွဲနဲ့ ဆွေးနွေးပွဲက ရုပ်သံမှတ်တမ်းပထမပိုင်းကို Save Irrawaddy SF လုပ်အားပေးများက အများပြည်သူတို့ ကြည့်နိုင်ဖို့ ဝေမျှလိုက်ပါတယ်။



ပထမပိုင်းမှာ ဆန်ဖရန်ဘေးဧရိယာရဲ့ တေးသံရှင်တဦးဖြစ်တဲ့ ကိုမျိုးညွန့်က ခင်ဝမ်းသီဆိုခဲ့တဲ့ ဧရာဝတီသီချင်းနဲ့ ဖွင့်လှစ်ပါတယ်။ အိမ်ရှင်များက ဧည့်သည်တော် ဟောပြောသူများကို မိတ်ဆက်ပေးပါတယ်။ ပြီးနောက် ပထမဦးဆုံးဟောပြောသူ International River Network က ကျွမ်းကျင်သူ Grace Mang က တရုတ်ရင်းနှီးမြုပ်နှံမှုများနဲ့ မြန်မာပြည်အကြောင်းကို ဟောပြောပါတယ်။

တရုတ်ပြည်ရဲ့ ရပ်တန့်လို့မရတဲ့ ပြည်တွင်း စွမ်းအင်ဖြည့်ဆည်းနိုင်ရေးအတွက် ပြည်ပမှာ တိုးချဲ့ရင်းနှီးမြုပ်နှံမှုများ၊ ဧရာဝတီမြစ်သာမက မြန်မာပြည်အနှံ့ တရုတ်ပြည်ရဲ့ စွမ်းအင်ဈေးကွက် ခြေရာများကို ထုတ်ဖော်ရှင်းလင်းပြသွားတာ ဖြစ်ပါတယ်။
လူငယ်များ၊ ကျောင်းသူ ကျောင်းသားများ၊ မြန်မာပြည်အရေး၊ အာရှအရေး၊ တရုတ်ပြည်အရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး စိတ်ဝင်စားသူများ နားထောင်သင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။ သူရဲ့ ပါဝါပွိုင့်ဆလိုက်များကိုလည်း ကိုးကားနိုင်အောင် မေတ္တာရပ်ခံပေးပါ့မယ်။ နောက်ဆက်တွဲအပိုင်းများကို နေ့စဉ်ဆက်လက်တင်ဆက်ပါမယ်။

0 comments: