စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, November 17, 2011

အိန္ဒိယလေကြောင်းလိုင်း Kingfisher ဒုတိယသုံးလပတ်တွင် အရှုံးထပ်ပြ

အကျပ်အတည်းနှင့် ကြုံနေရသော အိန္ဒိယလေကြောင်းလိုင်း Kingfisher က ဇူလိုင်-စက်တင်ဘာ ဒုတိယသုံးလပတ်တွင် အရှုံးထပ်ပြခဲ့ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့က ပြောကြားခဲ့သည်။ အိန္ဒိယ ဒုတိယအကြီးဆုံး လေကြောင်းလိုင်း Kingfisher သည် လက်ရှိဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်တွင် ဒေါ်လာ ၉၃ သန်း အရှုံးပြခဲ့သည်။

ဂျက်လေယာဉ် လောင်စာဆီဈေးနှုန်းများ မြင့်တက်မှု၊ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာမှု၊ လေဆိပ်အခြေခံအဆောက်အအုံ မလုံလောက်မှုတို့ကြောင့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် လေကြောင်းလိုင်းများတွင် Kingfisher သည် အထိနာဆုံး လေကြောင်းလိုင်းတစ်လိုင်း ဖြစ်သည်။ လောင်စာစရိတ်သည် ပြီးခဲ့သည့် ဒုတိယသုံးလပတ်တွင် ၇၀ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့သည်။ လေကြောင်းလိုင်းဘုတ်အဖွဲ့ က ကြွေးမြီလျော့ချရန်အတွက် အိမ်ခြံမြေပိုင်ဆိုင်မှုများ ရောင်းချရန် စဉ်းစားနေသည်။

Ref:AFP

အိန္ဒိယကားရောင်းချမှု ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံးကျဆင်း

အိန္ဒိယကားရောင်းချမှုသည် အောက်တိုဘာလတွင် ၂၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးရွားဆုံး ကျဆင်းမှုဖြစ်ခဲ့ကြောင်း အိန္ဒိယကားထုတ်လုပ် သူများအသင်းက နိုဝင်ဘာလ ၉ ရက် နေ့တွင် ပြောကြားခဲ့သည်။

အိန္ဒိယကားသစ်ရောင်းချရမှုသည် ယမန်တစ်နှစ်က ၁၈၁၇၀၄ ရှိခဲ့ရာမှ ယခုနှစ်တွင် ၁၃၈၅၂၁ စီး သာ ရောင်းချခဲ့ရသဖြင့် ၂၀၀၀ ပြည့် နှစ်ဒီဇင်ဘာလက ၃၉ ဒသမ ၈ ရာ ခိုင်နှုန်းကျဆင်းခဲ့ပြီးနောက်ပိုင်း အဆိုးဆုံးကျဆင်း မှုဖြစ်ခဲ့ကြောင်း အသင်းက ပြောကြားခဲ့သည်။ ငွေ ချေးစရိတ်များ မြင့်တက်မှုကြောင့် အိန္ဒိယကားဈေးကွက်ကို ထိခိုက်ခဲ့သောကြောင့် ရောင်းအား ကျဆင်းခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လောင်စာကုန်ကျစရိတ်များ မြင့်တက်မှု ကြောင့် သုံးစွဲသူများမှာ ကားမ၀ယ်လိုကြသဖြင့် ရောင်းအားကို ထိခိုက်ခဲ့ရသည်။ ရူးပီးတန်ဖိုးကျဆင်းမှုကြောင့် အိန္ဒိယဗဟိုဘဏ်သည် အတိုးနှုန်းကို ၂၀၁၀ ပြည့်နှစ် မတ်လနောက်ပိုင်း ၁၃ ကြိမ်မြှင့်တင်ခဲ့ပြီး ဖြစ်သည်။ အတိုးနှုန်းမြင့်တက်မှုကြောင့် ချေးငွေစရိတ်မြင့်မားလာပြီး ကားရောင်းအား ထိခိုက်ခဲ့သည်။ သို့သော်လည်း လာမည့်နှစ်အစောပိုင်းတွင် ကားဝယ်လို အားပြန်လည်မြင့်တက်လာမည်ဟု မွမ်ဘိုင်းအခြေစိုက် ပွဲစားလုပ်ငန်း ရှဲလ်ခမ်မှ ကားလုပ်ငန်းကျွမ်းကျင်သူ ဒီပက်ဂျိမ်းက ပြောကြားခဲ့သည်။

Ref:AFP

0 comments: