စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, November 23, 2011

၎တန်းနှင့် ၈တန်းစာမေးပွဲ မြို့နယ်ဘုတ်အဖွဲ့ဖြင့် စစ်ဆေးမည်

၎တန်းနှင့် ၈တန်း၏ အခန်းဆုံး စာမေးပွဲကို ကျောင်းတွင်း စစ်ဆေးခြင်းမှ မြို့နယ်ဘုတ် အဖွဲ့ဖြင့်ပြောင်းလဲ စစ်ဆေးတော့ မည်ဖြစ်ကြောင်း အခြေခံပညာ အသိုင်းအဝိုင်းမှ သိရသည်။ “ဒီနေ့ပဲ ကျောင်းမှာ အစည်းအဝေး လုပ်ပါတယ်။ ၄ တန်းနဲ့ ၈တန်းကို မြို့နယ်က မေးခွန်းထုတ်ပြီး စစ်တော့မယ် ဆိုပြီးတော့ပါ”ဟု အခြေခံပညာမှ အမည် မဖော်လိုသူ ဆရာတစ်ဦးက ပြောသည်။

ယခင် ဆယ်စုနှစ်ကျော် ကာလများတွင် ၄ တန်းနှင့် ၈ တန်းကို မြို့နယ်ဘုတ်အဖွဲ့ဖြင့် စစ်ဆေးပေးမှု များရှိခဲ့ကြောင်း၊ သို့သော် အကြောင်းကြောင်းကြောင့် ရပ်နားသွားခဲ့ပြီး ယခုမှ ပြန်လည် စတင်သည့်အတွက် အခြေခံပညာ အဆင့်ကို မြှင့်တင်သည့် ခြေလှမ်း တစ်ရပ် အသွင်ရှုမြင်ကြောင်း အခြေခံပညာ အထက်တန်းကျောင်း ဆရာတို့က သုံးသပ်ကြသည်။

လမ်းမတော်မြို့နယ် အတွင်းမှ ကျောင်းသားမိဘတစ်ဦးက

“ဒါက တရားမျှတတဲ့ ယှဉ်ပြိုင်ခြင်းမျိုးတွေ ဖြစ်သွားမယ့်အပြင်ကို ကိုယ့်ကလေးရဲ့ အရည်အချင်း အစစ်အမှန်ကို သိရှိရမယ့် အနေအထားတစ်ခု ဖြစ်သွား မယ်၊ဒါကိုကြိုဆိုတယ်”
ဟုဆိုသည်။

လက်ရှိတွင် ၈ တန်း၌ ပညာသင်ကြားလျက်ရှိသည့်ကျောင်းသား တစ်ဦးသို့ မေးမြန်းရာတွင် “စာမေးပွဲက ဘာတွေ ကွာခြားသွားမလဲ ဆိုတာတော့ သိပ်မသိဘူး၊ နှစ်တိုင်း လည်းစာမေးပွဲက ဖြေနေရတာ ပဲလေ” ဟု ပြောသည်။ နှစ်စဉ်နှစ်တိုင်း မြို့နယ် အဆင့်ထူးချွန်စာမေးပွဲများကို စစ်ဆေး နေသည့်အတွက်မြို့နယ်မှ မေးခွန်းထုတ်ခြင်းကိစ္စသည်ကျောင်းသားများအတွက် အခက်အခဲတစ်ခု မဖြစ်နိုင်ကြောင်း ကျောင်းသားမိဘအများစုက ထောက်ခံဆွေးနွေးကြသည်။

အခြေခံပညာအဆင့်အတန်း မြင့်မားရေးအတွက် လုပ်ဆောင်သင့်သည့် အနေအထားများကို အရပ် သားအစိုးရသစ် လက်ထက်၌ လျင်မြန်စွာဖြင့် လုပ်ဆောင်နေမှုများ ရှိနေပြီး၊ ထို့အတွက်ကြောင့် မြန်မာပညာရေး တိုးတက်ပြောင်းလဲမှုကို ကြုံတွေရတော့မည့်အနေအထားသို့ ရောက်ရှိလာတော့မည်ဟု မြန်မာ့ပညာရေး လေ့လာသုံးသပ်နေသူ အချို့ထံမှ သိရသည်။

0 comments: