စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, November 15, 2011

အကျဉ်းထောင်များတွင် ကျန်ရှိနေသည့်နိုင်ငံရေးအကျဉ်းသားများကိစ္စ အခုထိ တိတိကျကျ မသိရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အကျဉ်းထောင်များတွင် ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများကိစ္စ အခုထိ တိတိကျကျမသိရသေးကြောင်းဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာ ရှင်းလင်းပွဲ ၁/၂၀၁၁ တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“တခြား နိုင်ငံရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာတော့ နိုင်ငံရေးအကျဉ်းသားများကိစ္စပါ။ ဒီနှစ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားအချို့ လွတ်လာတာ ရှိပါတယ်။ ဒါပေမယ့် အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးသမားတွေ ရှိတယ်ဆိုတာလည်း အများသိပြီးသား ဖြစ်ပါတယ်။ ဒီနေ့တောင်မှ ထပ်ပြီးတော့ လွှတ်မယ်ဆိုတာကို ကျွန်မတို့ ကြားနေရပါတယ်။ အခုထိတော့ ကျွန်မတို့ တိတိကျကျ ဘာမှမသိရသေးပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ဆက်လက်၍ “အခုထိတော့ ဒါလွှတ်တော့မယ်၊ လွှတ်တော့မယ်လို့ ပြောနေတယ် ဆိုတာကိုလည်း ကျွန်မတို့ ကြားရပြီး ဖြစ်ပါတယ်။ ဘာပဲပြောပြော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးဟာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တင်မက ဒီမိုကရေစီလိုလားတဲ့သူ အားလုံးရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

“နိုင်ငံရေး အကျဉ်းသား ဆိုတာလည်း ဥပဒေစိုးမိုးရေးရှိတဲ့ နိုင်ငံမှာ ရှိလေ့ရှိထ မရှိပါဘူး”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ စာရင်းနှင့်ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ အဖွဲ့ချုပ်ရဲ့စာရင်းမှာတော့ နိုင်ငံရေး အကျဉ်းသား ၅၉၁ ယောက် ဖြစ်ပါတယ်။ အဖွဲ့ချုပ်ရဲ့စာရင်းက အစိုးရစာရင်းနဲ့ ၂၀၀ လောက်တော့ ကွာမယ်။ ဒါပေမယ့် တချို့စာရင်းတွေမှာ ၂၀၀၀ လောက် ရှိတယ်ဆိုတာ မှန်ပါတယ်။ အပြင်က ရတဲ့စာရင်းတွေ ကျွန်မတို့ တတ်နိုင်သလောက် လိုက်ပြီး စုံစမ်းပါတယ်။ စုံစမ်းတော့ တချို့စာရင်းတွေထဲမှာ ပါနေတဲ့ တချို့အကျဉ်းသားတွေဟာ လွတ်သွားတာ ကြာပြီဆိုတာ ကျွန်မတို့ တွေ့ရပါတယ်။ ဒါပေမယ့် ကျွန်မတို့ အားလုံးကိုတော့ တိတိကျကျ မစုံစမ်းနိုင်သေးပါဘူး။ အခုကျွန်မတို့ ၅၉၁ ယောက်ဆိုပြီး သတ်မှတ်ထားတာ ကျွန်မတို့ သေသေချာချာ အကျဉ်းထောင်တွေထဲမှာ ရှိသေးတယ်ဆိုတာကို သိတဲ့ နိုင်ငံရေး အကျဉ်းကျများ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တတိယ အကြိမ်မြောက်အဖြစ် စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ဆုံခဲ့ကြရာတွင် နိုင်ငံတော်သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားဆောင်ရွက်နေသည့်ကိစ္စ၊ ဧရာဝတီ မြစ်ကြောင်း ထိန်းသိမ်းရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကိစ္စ၊ ဥပဒေပြင်ပတွင် လက်နက်ကိုင်ဆောင် ဆန့်ကျင်နေကြသူများကို ဥပဒေဘောင်အတွင်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်ပေးရန် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့် ကိစ္စများနှင့် ပြည်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ခဲ့သော ကြေညာချက်အရ သိရသည်။

0 comments: