စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, November 17, 2011

မူကြို ဆရာ/ဆရာမ အခြေခံသင်တန်းအတွက် ဝေးလံဒေသများမှ တိုင်းရင်းသားများအား ပညာအရည်အချင်း သတ်မှတ်ချက်အချို့ လျော့ပေါ့ထား

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနလက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ကလေးသူငယ် ရှေးဦးပြုစုပျိုးထောင် ရေးမူကြိုဆရာ/ဆရာမအခြေခံသင်တန်း၊သင်တန်း အမှတ်စဉ်(၃၄) ကို နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စတင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျှက်ရှိကြောင်း သိရှိရပါသည်

အဆိုပါသင်တန်းကို အမှတ် (၆၅)ကျိုက်ဝိုင်းဘုရားလမ်း မရမ်းကုန်းမြို့နယ် လူမှုဝန်ထမ်းအတတ် သင်သိပ္ပံကျောင်း၌ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားဦးရေ(၆၀)ဦး သတ်မှတ်ထားခြင်းကြောင့် သင်တန်းသားများကို ဦးရာ လူစနစ်ဖြင့်သာ လက်ခံသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အသက်(၁၈)နှစ်နှင့်အထက် စိတ်ဝင်စားသူ မည်သူမဆိုတက် ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဓာတ်ပုံ (၃)ပုံ၊ဘွဲ့လက်မှတ်မိတ္တူတို့နှင့်အတူ လာရောက် လျောက်ထားနိုင်မည် ဖြစ်ကာ သင်တန်းကြေးကျပ် သုံး သောင်းငါးထောင်သတ်မှတ်ထား ကြောင်း သိရှိရပါသည်။

''အတန်းပညာအရည်အချင်း သတ်မှတ်ချက်က ဘွဲ့ရဆိုပေမယ့် လည်းဝေးလံတဲ့ဒေသကနေမိမိရပ်ရွာ အကျိုးသယ်ပိုးချင်လို့သင်တန်းလာ တက်ချင်တဲ့တိုင်းရင်းသားလူမျိုးတွေ ကိုတော့ ပညာအရည်အချင်းသတ် မှတ်ချက် ကိုသတ်မှတ်ထားချက်ထက် လျော့ပေါ့စဉ်းစားပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် အနိမ့်ဆုံးပညာအရည် အချင်းကတော့ (၁၀)တန်းအောင် အဆင့်ဖြစ်ရပါမယ်''ဟုလူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်းမှတာဝန် ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။

အဆိုပါကလေးသူငယ်ရှေးဦး ပြုစုပျိုးထောင်ရေး မူကြိုဆရာ/ ဆရာမအခြေခံသင်တန်းကို ၂၀၀၆ ခုနှစ်မှစတင်ဖွင့်လှစ်သင်ကြားပေး ခဲ့ခြင်းဖြစ်ပြီးသင်တန်းအမှတ်စဉ်(၁) မှအမှတ်စဉ်(၃၃)အထိသင်တန်းဆင်း မူကြိုဆရာ/ဆရာမပေါင်း(၂၀၃၂)ဦး ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်။ ။ကျေးလက်ဒေသတွေမှာ တာဝန်ထမ်းဆောင်မယ် ဆရာ/ဆရာမတွေအတွက် လခစာ နှုန်းထားကို လဲ ပုံမှန်ထက်.. ပိုမိုပေးသင့်ပါတယ်.. ဒါမဟုတ် ထောက်ပံ့ငွေ စသည့်ဖြင့် ခံစားခွင့် များစီမံပေးသင့်ပါတယ်.. ပညာရေး၊ကျန်းမာရေးတွေမှာမှ အစိုးရက ဘတ်ဂျက်ကိုမသုံးရင်.. ???စစ်အစိုးရခေတ်လဲကုန်သလောက်ရှိတော့မယ်.. လွတ်တော်အမတ်တွေ ကာကွယ်ရေးဝန်ကြီဌာန ဘတ်ဂျက်အသုံးအစွဲ ဘယ်သူမျှမေးမြန်းစုံးစမ်းခွင့်မရှိဆိုတဲ ဥပဒေကိုရောပြင်ဖို့  မပြောကြတော့ဘူးလား.. နိုင်ငံရဲ့ ရသုံးမှန်းချေ စာရင်း ချပြဖို့ ရောပြင်ဆင်နေကြပြီလား.. အမတ်များကားပါမစ်ရဖို့ ပဲလုံးပန်းနေကြပါသလား.. ဆန်ကုန်မြေလေးများ


အရည်အချင်း အရည်အချင်း အရည်အချင်း
ကမ္ဘာပေါ်မှာတက္ကသိုလ်များတာ အရေအတွက်ပြိုင်ရင်မြန်မာပထမရလောက်တယ်
ဒါပေမဲ့ဘွဲ့ ရ အရည်အချင်း အလုပ်ရတဲ့နုန်းပြိုင်ရင်တော့ နောက်ပိတ်ဆုံး

0 comments: