စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, November 18, 2011

၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကအဖြစ် မြန်မာနိုင်ငံ တာဝန်ယူရန် အာဆီယံခေါင်းဆောင်များ သဘောတူ



၂၀၁၄ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုကို အာဆီယံခေါင်းဆောင်များ သဘောတူညီ လိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ဘာလီ၌ Eleven Media Group သို့ပြောကြားခဲ့သည်

မြန်မာနိုင်ငံအား ၂၀၁၄ခုနှစ် အာဆီယံဥက္ကဌ အလှည့်ကျတာဝန်အတွက် အာဆီယံ ခေါင်းဆောင်များက သဘောတူလိုက်ခြင်းကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက သတင်းထောက်များကို ပြောဆိုခဲ့ပြီး ထိုသို့ရရှိလိုက်ခြင်းအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သည့်
လုပ်ငန်းများတွင် ပိုမိုကျယ်ပြန့်စွာ ပါဝင်လုပ်ကိုဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

"အခု ၂၀၁၄မှာ အာဆီယံဥက္ကဋ္ဌရာထူးအတွက် အားလုံးက သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ အခုလို အာဆီယံဥက္ကဋ္ဌရာထူးကို ထမ်းဆောင် တယ်ဆိုတာဟာ မြန်မာနိုင်ငံဟာလည်းပဲ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်ပြီးတော့ မိမိတို့မှာလည်း
တာဝန်ရှိပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံက တာဝန်သိတတ်တဲ့ အနေနဲ့ ဒီတာဝန်ကို
ထမ်းဆောင်ခွင့်ရတာဟာ ၀မ်းသာစရာပါ။ ဒါ့အပြင် ဒီလိုထမ်းဆောင်ခွင့် ရတာဟာ ဒေသတွင်းမှာ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာရော၊ နိုင်ငံတကာမှာ ပူးပေါင်း ဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာပါ မြန်မာနိုင်ငံက ပိုမိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လုပ်ကိုင်ဆောင်ရွက်လို့ ရမှာပါ"ဟု ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေပြီဖြစ်ကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောပါသည်။

"ဒီနေ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အသွင်သဏ္ဍာန်ရော အနှစ်သာရပါ အများကြီး ပြောင်းနေတယ်။ အသွင်သဏ္ဍာန်အရ ကြည့်ရင် တပ်မတော်အစိုးရကနေပြီးတော့မှ ဒီမိုကရေစီအစိုးရ ဖြစ်ခဲ့တယ်။ အနှစ်သာရ အားဖြင့် ကြည့်ရင် ဟိုးအရင်တုန်းက အမိန့်အာဏာနဲ့ အုပ်ချုပ်ခဲ့တယ်။ ယနေ့အခါမှာ အခြေခံဥပဒေနဲ့ အုပ်ချုပ်တယ်။ အခြေခံဥပဒေနဲ့ အညီ ပေါ်ပေါက် တည်ဆောက်ပြီးဖြစ်တဲ့ လွှတ်တော်တွေ အစိုးရအဖွဲ့တွေ၊တရားစီရင်ရေး အဖွဲ့တွေကို ဖွဲ့စည်း ပေးပြီးတော့ ကနေ့အခါမှာ ဒီမိုကရေစီဖောင်ဆောင်ရေး၊ လူ့အခွင့်အရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အားလုံးကို ကျယ်ကျယ်ပြန့်ပြန့်ကို ပြုပြင်ပြောင်းလဲ ပြီးတော့ ဆောင်ရွက်နေတယ်"ဟု ဦးကျော်ဆန်းက သတင်းထောက်များကို ပြောခဲ့ပါသည်။

အာဆီယံဥက္ကဋ္ဌရာထူးကို ထမ်းဆောင်ရင်း ဒီမိုကရေစီစနစ်၊ ဈေးကွက်စီးပွားရေးစနစ်များနှင့် အညီ ဆောင်ရွက်ပါက မကြာမီအချိန်တွင်
မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပနှင့် သဟဇာတဖြစ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာမည်ဟု ဦးကျော်ဆန်းက ဆက်လက်ပြောကြားခဲ့သည်။

"အာဆီယံဥက္ကဋ္ဌ ရာထူးလည်း တစ်ဖက်က ဆောင်ရွက်မယ်။ တစ်ဖက်ကလည်း တိုင်းပြည်ကို ဒီမိုကရေစီ စနစ်နဲ့အညီ ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲပြီးတော့ ဆောင်ရွက်သွားမယ်ဆိုရင် မြန်မာနိုင်ငံဟာ မကြာတဲ့ကာလအတွင်းမှာ ပွင့်ပွင့်လင်းလင်းရှိတဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတကာနဲ့ရော ကိုယ့်ပြည်တွင်းမှာပါ သဟဇာတဖြစ်တဲ့ နိုင်ငံတစ်ခု ဖြစ်လာမှာပါ"ဟု ဦးကျော်ဆန်းက ပြောကြားခဲ့ပါသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအား အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ပေးရန်အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက သဘောတူ ထောက်ခံခဲ့ပြီး ဖြစ်သော်လည်း ယနေ့ နံနက်ပိုင်းအချိန်က ဖီလစ်ပိုင်သမ္မတ အကွီနို အာဆီယံထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် နောက်ကျခဲ့ခြင်း၊ ဩစတြေးလျပါလီမန်တွင် အမေရိကန်သမ္မတ အိုဘားမား ပြောကြားခဲ့သည့် စကားများကြောင့် မြန်မာနိုင်ငံအား အာဆီယံ အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ပေးရေးကိစ္စရပ်မှာ နှောင့်နှေးစရာများ ဖြစ်လာနိုင်ကြောင်း သတင်းထောက်များအကြား သုံးသပ်မှုထွက်ပေါ်ခဲ့ပါသည်။

အဆိုပါ သဘောတူညီချက်ကို နိုဝင်ဘာလ ၁၇ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပြုလုပ်ခဲ့ သော အာဆီယံထိပ်သီးမျက်နှာစုံညီ အစည်းအဝေးတွင် အာဆီယံနိုင်ငံ (၁၀)နိုင်ငံမှ
ခေါင်းဆောင်များက သဘောတူခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါသည်။

သမ္မတအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်

" ၂၀၁၄မှာ မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ ဖြစ်ပါပြီ။ အာဆီယံခေါင်းဆောင်တွေက သဘောတူခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ကျွန်တော့်ကို ပြောပါတယ်။ တရားဝင်ကြေညာမှုကိုတော့ အာဆီယံခေါင်းဆောင်တွေက ပြောပါလိမ့်မယ်"ဟု နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

ထို့အပြင် ယခုကဲ့သို့ အာဆီယံဥက္ကဋ္ဌ တာဝန် ရရှိခဲ့ခြင်းသည် အစိုးရအဖွဲ့က ရရှိလိုက်ခြင်းမဟုတ်ဘဲ မြန်မာပြည်သူလူထုနှင့် မြန်မာနိုင်ငံကြီးတစ်ခုလုံးက ရရှိလိုက်ခြင်း ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

"တကယ်တန်း မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌရာထူးကို ရလိုက်တယ်ဆိုတာ မြန်မာ အစိုးရက ရတာမဟုတ်ပါဘူး။ မြန်မာပြည်သူလူထုနဲ့ မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံကြီး တစ်ခုလုံးက ရလိုက်တာ ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ အများကြီးပဲ ဂုဏ်ယူပါတယ်"ဟု ဦးကိုကိုလှိုင်က ဆက်လက်ပြောကြားခဲ့သည်။

အာဆီယံဥက္ကဋ္ဌ တာဝန်ရရှိရှိခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အာလုံးဝိုင်းဝန်ကြိုးစားရန် ပြောဆိုကြောင်းလည်း ဦးကိုကိုလှိုင်က ပြောပါသည်။

"သမ္မတကြီးကတော့ ဒီဥစ္စာ တာဝန်တွေပိုကြီးလာပြီပေါ့။ အားလုံးပိုပြီး ကြိုးစားလုပ်ကြဖို့ လိုတယ်လို့ ပြောပါတယ်"ဟု ဦးကိုကိုလှိုင်က ပြောပါသည်။

0 comments: