စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, November 15, 2011

စင်ကာပူပညာရေးကျွမ်းကျင်သူလက်မှတ် ဆက်လက်အသုံးမပြုရန် တားမြစ်

စင်ကာပူပညာရေးကျွမ်းကျင်သူ(Singapore Education Specialist)အဖြစ် အသိအမှတ်ပြုခံ ထားရသော ပြည်တွင်းရှိ စင်ကာပူ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ အနေဖြင့် ယင်းအမည်ကို ဆက် လက်အသုံးမပြုရန် စင်ကာပူပုဂလိကပညာရေးကောင်စီက တားမြစ်လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာကျောင်းသားများ အား စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနိုင်ရန် ၀န်ဆောင်မှုပေး နေသောပညာရေး အေဂျင်စီငါးခုအား စင်ကာပူခရီးသွားလုပ်ငန်း အဖွဲ့အစည်း (STB) က အဆိုပါ အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးထားခြင်းဖြစ်သည်။
ယခုအခါ စင်ကာပူနိုင်ငံသည် ပညာရေးဝန်ကြီးဌာနလက် အောက်တွင် စတင်ဖွဲ့စည်းလိုက် သော ပုဂ္ဂလိကပညာရေးကောင်စီ မှ ပုဂ္ဂလိကပညာရေးလုပ်ငန်းများ အား စီမံစိစစ်လျက်ရှိခြင်းကြောင့် ယင်းနိုင်ငံရှိ ပုဂ္ဂလိကကျောင်းများ နှင့်ပတ်သက်၍ မူဝါဒအပြောင်း အလဲများပြုလုပ်နေသလို ပညာ ရေးဝန်ဆောင်မှုအေဂျင်စီများအ တွက်လည်း စည်းမျဉ်းစည်းကမ်း များ ထုတ်ပြန်ထားသည်။
“စင်ကာပူပညာရေးကျွမ်း ကျင်သူလက်မှတ်ကို ဆက်သုံးလို့ မရတော့ဘူး။ အဲ့ဒီနာမည်သုံးပြီး ကျောင်းသားကို ဆွဲဆောင်လို့မရ တော့ဘူးပေါ့။ ပုဂ္ဂလိကျောင်းတွေ STB လက်အောက်မှာ ရှိတုန်းက ပေးထားတဲ့လက်မှတ်တွေပါ”ဟု စင်ကာပူပညာရေးလုပ်ငန်း တစ်ခု၏ မန်နေဂျင်းဒါရိုက်တာက ပြောသည်။ စင်ကာပူနိုင်ငံရှိ ပုဂ္ဂလိက ကျောင်းများ သည် မြန်မာကျောင်းသားအများစု သွားရောက် ပညာ သင်ယူနေကြသောနေရာ များဖြစ် ပြီး ပြည်တွင်း၌လည်း ပညာရေး အေဂျင်စီများအကြား ကျောင်းသားဈေးကွက်ရရှိရန်ပြိုင်ဆိုင်မှုပြင်း
ထန်လျက်ရှိသည်။

0 comments: