စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, November 18, 2011

ဘရာဇီးလ်ကမ်းခြေတွင် ပရန်ညား သားစားငါးများ ကျူးကျော်ဝင်ရောက်



ဘရာဇီးလ်နိုင်ငံရှိ အပမ်းဖြေ ကမ်းခြေတစ်ခုတွင် ပရန်ညား သားစားငါးများ ကျူးကျော်ဝင်ရောက်လာမှုအတွက် စိုးရိမ်စရာ အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

ထက်မြက်နေသော အစွယ်သွားများ ပိုင်ဆိုင်ထားသည့် ငါးများသည် ဘရာဇီးလ်ရှိ အပမ်းဖြေ မြစ်ကမ်းပါး တစ်ခုတွင် လူ(၁၅)ဦးထက် မနည်းကို ကိုက်ခဲတိုက်ခိုက်ခဲ့သည်။ မြစ်ကမ်းပါးတွင် ရေချိုးနေသူ တစ်ဦးမှာ ငါးကိုက်မှုကြောင့် ခြေချောင်းတစ်ချောင်းပါ ပြတ်တောက်သွားခဲ့သည်။

ကာဆီရက်စ်မြို့မှ အာဏာပိုင်းများက ဒေဗီရွန်ကမ်းခြေတွင် ယခုကဲ့သို့ ပရန်းညားငါးများ ကျူးကျော်လာမှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါကမ်းခြေသည် ပါရာဂွေး မြစ်ပေါ်တွင် တည်ရှိနေသည်။ အလွန်ခက်ထန် ကြမ်းကြုတ်ပြီး သားစားကျူးသော ပရန်းညား ငါးများသည် အမေဇုန် မြစ်ထဲတွင် မူလက ရှင်သန်ကျက်စားနေကြပြီး လွန်ခဲ့သော (၂)ပတ်ခန့်က စတင်ကာ ဒေဗီရွန် ကမ်းခြေသို့ ရောက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ငါးကိုက်ခံရသည့် အသက်(၂၂)နှစ်အရွယ် အယ်လ်ဆန်ဒီကမ်ပို့စ် ပင်တိုက “ကျွန်တော် ရေကူးပြီး ပြန်ထလာတဲ့အချိန် ခြေထောက်မှာ နာသွားတာကို ခံစားလိုက်ရတယ်။ နောက်တော့ ကျွန်တော့် ခြေထောက်က ခြေချောင်းတစ်ချောင်း ပြတ်ပြီး သွေးတွေထွက်နေတာ သိလိုက်တယ်။ အဲဒါနဲ့ အရမ်းကြောက်ပြီး ကမ်းပေါ် ပြေးတက်ခဲ့တယ်။ ရေထဲမှာ သွေးတွေကွက်ပြီး ကျန်နေတာတောင် မြင်ခဲ့ပါသေးတယ်။ နောက်ဆိုရင်တော့ ကျွန်တော် မြစ်ထဲမှာ ရေမကူးရဲတော့ဘူး”ဟု ပြောကြားခဲ့သည်။ ထိုငါးများသည် သွေးနံ့ရပါက အုပ်စုလိုက် ၀ိုင်းဝန်းတိုက်ခိုက်တတ်ပြီး အလွန် အန္တရာယ် များသောကြောင့် ပထမတစ်ကြိမ် ကိုက်ခံရသည်နှင့် ရေထဲတွင် သွေးများမပျံ့လာမီ ကမ်းပေါ်သို့ အလျင်အမြန် ပြေးတက်ရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက သတိပေး ပြောဆိုထားသည်။

Source: DailyMail

0 comments: