စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, January 10, 2013

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ နှစ်သစ်ကူးသ၀ဏ်လွှာ ပေးပို

လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မည်ဖြစ်ကြောင်း နောင်လာမည့်နှစ်များတွင် ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုမျိုး ဖြစ်ပေါ်လာစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့် ၂၀၁၃ ခုနှစ်၊ နှစ်သစ်ကူးသ၀ဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်၊ နှစ်သစ်ကူးသ၀ဏ်လွှာကို နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့တွင် ပေးပို့ခဲ့ခြင်းဖြစ်သည်။ အဆိုပါ သ၀ဏ်လွှာကို ပြည်ထောင်စုလွှတ်တော် စတင်ကျင်းပသည့် ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာတွင် ''လူမှုရေး ဆောင်ရွက်ချက်များအနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအတွက် ထိုက်သင့်သော ပင်စင်လစာနှုန်းသစ်များ တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ထို့ပြင် လာမည့်ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းကိုလည်း အစိုးရနှင့် လွှတ်တော်တို့အကြား ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့သဖြင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို တစ်နှစ်ထက်တစ်နှစ် ပိုမိုစနစ်ကျစွာ ပြဋ္ဌာန်းနိုင်တော့မည် ဖြစ်ပါသည်။ လွှတ်တော်အတွင်း၌ ရသုံးမှန်းခြေငွေစာရင်း ဆွေးနွေးသည့်ကိစ္စရပ်များကိုလည်း ပြည်သူလူထုထံ ပွင့်လင်းမြင်သာမှုရှိရှိ အသိပေးနိုင်ခဲ့ပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မည် ဖြစ်သည်ကိုလည်း တွေ့ရှိရမည် ဖြစ်ပါသည်'' ဟု ဖော်ပြထားသည်။

 ဆက်လက်၍ ''နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်နိုင်ခဲ့သော်လည်း အသွင်ကူးပြောင်းရေးဖြစ်စဉ်အတွင်း၌ အဆင်မပြေမှုများနှင့် စိန်ခေါ်မှုများစွာကို ကြုံတွေ့ခဲ့ရပါသည်။ လက်ပံတောင်းတောင် စီမံကိန်း ဆန္ဒပြမှုများ၊ မြေယာပြဿနာများ၊ ရခိုင်ပြည်နယ် ကိစ္စရပ်များနှင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စများမှ အတွေ့အကြုံများအား သင်ခန်းစာများအဖြစ်ရယူ၍ နောင်လာမည့် နှစ်များတွင် ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုမျိုး ဖြစ်ပေါ်လာစေရန် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါသည်။ယနေ့ မိမိတို့ဆောင်ရွက်နေသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများတွင် လွှတ်တော်များနှင့် အစဉ်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အထူးသဖြင့် ယခင်တစ်နှစ်ကျော် ကာလက ရရှိခဲ့သည့် ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံများကို အခြေခံ၍ သင်ခန်းစာများ ဖော်ထုတ်ပြီး ပိုမိုထိရောက်အောင် ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားပါသည်။

ယခုအချိန်အခါကဲ့သို့ နိုင်ငံတကာ အသိုက်အ၀န်းနှင့် ပြည်တွင်းနိုင်ငံရေး အင်အားစုများအကြား မြန်မာနိုင်ငံ၏ နိုင်ငံရေး ဂုဏ်သိက္ခာကို မြှင့်တင်နိုင်သော၊ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နိုင်သောကာလတွင် လွှတ်တော်များ၏ အခန်းကဏ္ဍမှာ များစွာအရေးပါသည်ကို မိမိအနေဖြင့် အစဉ်ဂရုပြုပြီး အစိုးရ၏ အုပ်ချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက် ရှိပါသည်။ ခေတ်မီသော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းသို့ ချီတက်ကြရာတွင် ခက်ခဲကြမ်းတမ်းသော လှေခါးထစ်များကို ကျော်ဖြတ်ရလေ့ ရှိပါသည်။

 မိမိတို့ အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စသည်တို့ကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်လုပ်ဆောင်သွားရမည် ဖြစ်ပါသည်။ အစိုးရယန္တရား၏ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရဖြစ်ရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ရမည်ကိုလည်း သိရှိထားပါသည်။ ပြည်ထောင်စုလွှတ်တော်အနေဖြင့်လည်း ပြည်သူများ၏ လက်တွေ့အကျိုးစီးပွား၊ ရေရှည်အကျိုးစီးပွားကို အလေးအနက်ထားသည့် ပြည်သူ့ဗဟိုပြု ဥပဒေများ ဆက်လက်ပြဋ္ဌာန်းပေးသွားခြင်းဖြင့် ပြည်သူများအား ဒီမိုကရေစီ ယဉ်ကျေးမှု၊ ဒီမိုကရေစီ အလေ့အကျင့်များနှင့် ယဉ်ပါးရင်းနှီးလာအောင် လုပ်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း သ၀ဏ်လွှာပေးပို့အပ်ပါသည်'' ဟု သ၀ဏ်လွှာပေးပို့ခဲ့သည်။

လာမည့် ဘဏ္ဍရေးနှစ်သည် ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဝန်ထမ်းများ လစာတိုးမြှင့်ပေးရန် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင်း အဆိုတင်သွင်းခဲ့သည်။ ၎င်းအဆိုနှင့်ပတ်သက်၍ ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဝန်ထမ်းများ လစာတိုးမြှင့်ခြင်းကို ၂၀၁၃-၂၀၁၄ ခုနှစ်တွင်သာ ဆောင်ရွက်သင့်ကြောင်း လွှတ်တော်တွင် ပြောကြားခဲ့ဖူးသည်။ ထို့နောက် ၂၀၁၃ ခုနှစ်၊နှစ်သစ်ကူးသ၀ဏ်လွှာအား ပြည်ထောင်စုလွှတ်တော်မှ မှတ်တမ်းတင်ခဲ့သည်။

Eleven Media Group

0 comments: