စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, January 23, 2013

ဒေါက်တာဆိတ်ဖွားမှ လွှတ်တော်သို့တောင်းပန်ခြင်း။

ကျွန်ုပ်အား ပြည်ထောင်စု လွှတ်တော်က ကော်မရှင် ဖွဲ့စည်းပြီး စုံစမ်းအရေးယူပေးပါရန် အရေးကြီးအဆိုတင်သွင်းနေသော ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့ကိုယ်စားလှယ်တော်ကြီး ဒေါက်တာဦးစိုးရင် ( ဓါတ်ပုံ - ပြည်သူ့လွှတ်တော် )

 ဤရက်ပိုင်းအတွင်း ဒေါက်တာဆိတ်ဖွား၏အမည်သည် ၊ အင်တာနက်စာမျက်နှားများ ၊ လူမှုကွန်ယက်များ ၊ သတင်းမီဒီယာများတွင် အတော်ပင်ပြန့်နှံ့နေခဲ့ပါသည် ထိုပြန့်နှံ့မှုသည် လွှတ်တော်တွင် ဒေါက်တာစိုးရင်က အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော Above the law ခေါင်းစဉ်ပါ ဝေဖန်ချက်နှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးအရေး ယူဆောင်ရွက်ပေးပါရန်အတွက် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင် ဖွဲ့စည်းပြီး ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်းအဆို ကို အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ရာမှ အစပြုကြောင်း အများသိရှိပြီးဖြစ်ပါသည် ။

 သို့အတွက်ကြောင့်ဒေါက်တာဆိတ်ဖွားဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ထိုဒေါက်တာဆိတ်ဖွားဆိုသူက လွှတ်တော်အပေါ် မည်သို့များ ပြန်လည်တုန့်ပြန်လာမည် ဆိုသည့်ကိစ္စမှာလည်း အများစိတ်ဝင်စားသော ကိစ္စတစ်ရပ်ဖြစ်လာခဲ့ပါသည် ။ ပြည်သူသန်း ၆၀ ကို ကိုယ်စားပြုသော ကိုယ်စားလှယ်တော်ကြီးများကို " အပေါင်းပါများ" ဟု သုံးနှုံးခဲ့ခြင်းမှာ ကျွန်ုပ်၏ အမှားဖြစ်ကြောင်းဝန်ခံပါသည် ၊ အမှားကိုအမှားမှန်းသိသဖြင့် ၀န်ခံခြင်းသည် မင်္ဂလာတရားတော်နှင့်ညီသော ကိစ္စတစ်ရပ်သာဖြစ်ပါသည် ။

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးများသည် " အပေါင်းပါ " ဟုခေါ်ထိုက်သူများမဟုတ်ပဲ ၊ အများပြည်သူလက်ခံသော ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ဒီမိုကရေစီနည်းကျ လွတ်လပ်၍ တရားမျှတစွာ ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကြီးတွင် ပြည်သူများက ဆန္ဒစစ် ဆန္ဒမှန်များဖြင့် ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်ကြီးများ ဖြစ်ပါကြောင်းနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကို အဂတိ တရား ကင်းကင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေကြသည့် နိုင်ငံ၏ ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်းပြင်ဆင် ဖေါ်ပြအပ်ပါသည် ။ 


===================================
 ဒေါက်တာဆိတ်ဖွား၏ အွန်လိုင်းဆောင်းပါးနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းခြင်းကိုဝေဖန်မှုများရှိနေ __________________________________________________

 ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတင်းသွင်ခဲ့သည့် ဒေါက်တာဆိတ်ဖွား၏ အင်တာနက် ဝက်ဆိုက်ဒ်ကိစ္စနှင့် ပတ်သက်၍ ပြည်သူအချို့ကလွှတ်တော်ကို ပြစ်တင်ဝေဖန်မှုများရှိနေကြကြောင်းသိရသည်။

ဘလောဂါ တစ်ဦးဖြစ်သည့် ဒေါက်တာဆိတ်ဖွားမှ ၄င်း၏ ဝက် ဆိုက်ဒ်၌ ဥပဒေအထက်တွင် လွှတ် တော်ရှိနေသလား။ ခေါင်းစဉ်ဖြင့် လွှတ်တော်ကိုဝေဖန်ရေးသားခဲ့ခြင်းကြောင့် လက်ရှိကျင်းပနေသောပထမအကြိမ် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်ကဒေါက်တာဆိတ်ဖွားကိုစုံစမ်းဖော်ထုတ်ရန် အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အမှတ်ပြည့်ရနေတဲ့ အစိုးရကလက်ပံတောင်းတောင် အရေးမှာအမှတ်တစ်ဝက်လောက် လျော့သွားတယ်။ ဒီလိုပဲ ပြည်သူတွေ ယုံကြည် မှုရလာတဲ့ လွှတ်တော်ကအခုလုပ် ရပ်ကြောင့် အမှတ်တွေ လျော့သွားတယ်။ ဘယ်လိုမှ နားလည်လို့ မရဘူး။

လွှတ်တော်က ပြည်ထောင်စုလွှတ်တော်တင်တာအရေးကြီးအဆိုဘာကို ပြသလဲဆိုရင် ခေတ်နောက် ကျကျန်ခဲ့တာကိုပြတာပဲ''ဟုဆဲဗင်းဒေးသတင်းဂျာနယ် သတင်းထောက် ချုပ် ကိုအောင်သူကပြောသည်။ အဆိုပါ အဆိုကိုလွှတ်တော် သို့ တင်သွင်း၍ မဲခွဲဆုံးဖြတ်ခဲ့ရာ ဆန္ဒပေးပိုင်ခွင့်ရှိသူ ၅၈၈ ဦးရှိသည့် အနက် ထောက်ခံသူ ၃၄၇ ဦး၊ ကန့် ကွက်သူ ၁၅၇ ဦးနှင့် ကြားနေသူ ၄၂ ဦးရှိပြီးထောက်ခံအတည်ပြု ခဲ့ကြောင်းသိရသည်။ ''ဘလော့ဆိုတာအင်တာနက် ပေါ်မှာအခမဲ့ လွတ်လပ်စွာရေးသားပြောဆိုခွင့် ရှိသောနေရာ ဖြစ် ပါတယ်။ အသက် ၁၈ နှစ် အောက် မကြည့်ရဆိုတာမျိုးတောင် သူ့စည်းကမ်းကိုလိုက်နာရင် ရေးတင်လို့ ရတဲ့ နေရာမျိုးပါ။

 ဒီလိုလွတ်လပ် စွာရေးခွင့် ပြောခွင့်ရှိတဲ့နေရာမျိုးမှာ မြန်မာဘလော့ဂါ တစ်ယောက်ကရေးသားတဲ့ ဝေဖန်ချက်မျိုးကို မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေကိုကိုယ် စားပြုပါတယ်ဆိုတဲ့ လွှတ်တော်ကြီး က အချိန်ကုန်ခံအဆိုတင်၊ မဲခွဲတာတော့ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ပါ ဘူး။ တကယ်လို့ ရေးသူကိုသိလို့ မကျေနပ်ရင်တောင် အခြားနည်းနဲ့ ဖြေရှင်းသင့်တယ်။ လွှတ်တော်အနေနဲ့ အခြားအရေးကြီးကိစ္စတွေ လုပ် စရာတွေ အများကြီးပါ'' ဟုသတင်းဌာနတစ်ခု၏ အွန်လိုင်းဂလော့ဂါတစ် ဦးဖြစ်သူကိုသင်ကာကပြောသည်။

အချို့သော ပြည်သူများကလည်းလွှတ်တော်တွင် ယခင်အစိုးရလက်ထက်မှ အစိုးရအဖွဲ့ဝင်ဟောင်းများပါရှိနေသောကြောင့် မည်သူရေးသညိကုသိနိုင်သူများရှိနိုင် ကြောင်းသုံးသပ်မှုများလည်းရှိနေသည်။ လူမှုကွန်ရက်တစ်ခုဖြစ်သည့် ဖေ့ဘုတ်စ် အင်တာနက် စာမျက်နှာ များတွင်လည်းယခုကဲ့သို့လွှတ်တော် ၏ ဆောင်ရွက်ချက်နှင့် ပတ်သက်၍ ကန့်ကွက်ပြောဆိုမှုများရှိနေသည်။

လွှတ်တော်အနေဖြင့်လည်းယခုကဲ့သို့ ပြင်းပြင်းထန်ထန် ဝေဖန်မှုများဆက်လက်ပြုလုပ်နေမည်ကိုစိုးရိမ်
 သောကြောင့် ကြိုတင်၍ တားမြစ် ခြင်းလည်း ဖြစ်နိုင်ကြောင်းဘီဘီစီ မြန်မာပိုင်းလန်ဒန်မှ ကိုမျိုးသာထက် က ပြောကြားသည်။ ''မဖြစ်စလောက်ကိစ္စလေးကိုဘာလို့ အခုလိုအကျယ်ချဲ့ရတာလို့ လည်းအဖြေထုတ်မိတယ်။ ရေရေရာရာတော့ မထိမိနိုင်ဘူး။

လွှတ် တော်အမတ်တစ်ယောက်ကခုလိုအဆိုတင်သွင်းလာရတယ်ဆိုတော့ ဘယ်လောက်ထိရှရှ ထိထိတိုင်း ပြည်အကျိုးယုတ်စေမယ့် နောက် ကြောင်းတွေကိုသိထားသလဲလို့ လည်းတွေးရပြန်ပါတယ်။ မပိုင်ပဲပြောနေတော့ မဟုတ်လောက်ဘူး။ နိုင်ငံတကာမှာတော့ အခုလိုကိစ္စလေးသေးသေးလေးတွေလိုသတ်မှတ်ရတာတွေရဲ့ နောက်ကွယ်မှာ လျှို့ဝှက် ချက်တွေ ရှိနေတက်တာမို့ အပြတ်တော့ မပြောချင်ဘူး။

ဘယ်သူဘယ်ဝါကဘာကြောင့် ဒီလိုဝေဖန်ရသလဲဆိုတာကိုလွှတ်တော်ကဆက်လက်ထုတ် ဖော်နိုင်ရင်တော့ ကောင်းပါလိမ့်မယ်။ မဟုတ်ရင်တော့ အချိန်တွေ ဖြုန်းငွေတွေဖြုန်းတဲ့ အလုပ်မဟုတ်တာကိုအလုပ်လုပ်တာလို့ပဲမှတ်ယူရပါ လိမ့်မယ်''ဟုကိုမျိုးသာထက်ကထပ်မံပြောကြားသည်။


Messenger News Journal
 
 
============================================

 ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား 



ဒီနေ့ကျင်းပတဲ့ လွှတ်တော်အစည်းဝေးတွေမှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကိစ္စ ဆွေးနွေးကြတယ် အခြေခံဥပဒေ ပုဒ်မ ၃၂၁ မှာ မူလပြဌာန်းထားတာက -
“နိုင်ငံတော်သမ္မတက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း ၉ ဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖြစ် ပါဝင်ပေးအပ်ရန် အဖွဲ့ဝင် ၁ ဦး၏ အမည်ကိုသော်လည်းကောင်း၊ ပြည်သူ့လွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည် " လို့ဖြစ်တယ် ။

 ဒါကိုလွှတ်တော်က အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌအဖြစ် ဘယ်သူ့ကို ခန့်မယ်ဆိုတဲ့ဟာကို လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်နဲ့ နိုင်ငံတော် သမ္မတက ညှိနှိုင်းရွေးချယ်ပြီးတော့မှသာ နာမည်စာရင်း တင်ရမယ်လို့ ပြင်ထားတာ။

 ဒါကိုသမ္မတက ခုလို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာနဲ့ ဆန့်ကျင်တာကို ပြင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုပ်ထုံးလုပ်နည်းနဲ့အညီပြင်ပါ လို့ မှတ်ချက်ပြုထားတာ ။ဒါကိုလုပ်ထုံးလုပ်နည်းနဲ့အညီမလုပ်ပဲနဲ့ လွှတ်တော်မှာမဲခွဲပြီးပြင်တာ ။

အလားတူပဲ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာလည်း နိုင်ငံတော်သမ္မတရဲ့သဘောထား မှတ်ချက် ကိုမဲခွဲဆုံးဖြတ်ပြီး ပယ်ပစ်လိုက်ကြပါတယ် ။

ဒီလုပ်ရပ်တွေဟာ ဥပဒေစကားနဲ့ပြောရရင် အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ကျမ်းကျိန်ထားသူများက အခြေခံဥပဒေနှင့် မညီမှန်းသိလျှက်နှင့်တမင် အခြေခံဥပဒေကိုဖေါက်ဖျက်ကျူးလွန်လိုက်ကြတာပါ ...။ 

ခုလိုလုပ်နေရတာရှုပ်ပါတယ် ... အခြေခံဥပဒေထဲမှာ " အခြေခံဥပဒေကမည်သို့ပင်ဆိုစေ၊ မည်သို့ပင်ပြဌာန်းထားစေကာမူ လွှတ်တော်ဥက္ကဌများနှင့် အပေါင်းပါများက လွှတ်တော်တော်တွင်းမဲခွဲဆုံးဖြတ်ချက်သည် အတည်ဖြစ်သည် " ဆိုတာလေးပါ တခါတည်း ထည့်ပြင်လိုက်ကြပါလားဗျာ....


0 comments: