စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, January 11, 2012

ပြည်သူ့ကျန်းမာရေးတွင် အစိုးရများ၏ အခန်းကဏ္ဍ

"ပြည်သူတို့၏ကျန်းမာရေးနှင့်လုံခြုံရေးကိုကာကွယ်ရန်၊ထိန်းသိမ်းရန်နှင့်မြှင့်တင်ရန်အစိုးရအဆင့်ဆင့်(ပြည်ထောင်စု၊လူမျိုးစု၊တိုင်းဒေသ၊ပြည်နယ်ဒေသ)တွင်အသီးသီးတာဝန်ရှိသည်”။ (Gostin, 2000, 2002)

အမေရိကန်ပြည်ထောင်စုတွင်ဒီမိုကရေစီ၏ပင်ကိုမူလသဘောအရဆိုလျှင်ပင်နိုင်ငံသားတို့၏ကျန်းမာရေးတွင်အစိုးရ၏တာဝန်ရှိမှုကအတိုင်းအတာတစ်ခုအထိရပ်တည်နေသည်။ကျန်းမာရေးအရာထမ်းများကိုပြည်သူတို့ကတိုက်ရိုက်ရွေးချယ်ခြင်း၊သို့မဟုတ်ပြည်သူတို့ရွေးကောက်တင်မြှောက်ထားသည့်ကိုယ်စားလှယ်များထဲမှရွေးချယ်ခန့်ထားခြင်းပြုရသည်။သို့အတွက်ကြောင့်ပင်နိုင်ငံသားတို့ကမိမိတို့၏ကျန်းမာရေးကိုအလေးထားသည့်နည်းတူ၊ကျန်းမာရေးအရာထမ်းတို့ကလည်းပြည်သူတို့၏ကျန်းမာရေးအတွက်အစိုးရ၏တာဝန်ရှိမှုကိုအလေးထားသည်။ပြည်သူ့ကျန်းမာရေးကိုအစိုးရကစောင့်ကြပ်ကြည့်ရှုနိုင်စွမ်း၊လိုအပ်ပါကဥပဒေများ၊စည်းကမ်းများ၊မူများချမှတ်ခြင်း၊ကျန်းမာရေးအတွက်နိုင်ငံဘဏ္ဍာငွေပိုမိုခွဲဝေသုံးနိုင်စေခြင်းများကိုအလေးထားဆောင်ရွက်ကာပြည်သူတို့၏ကျန်းမာရေးကိုလုံခြုံစိတ်ချမှုရှိအောင်မဖြစ်မနေကြိုစားမှုပြုကြသည်။"

National Academy of Sciences မှ 2002 ခုနှစ်ကထုတ်ဝေသော The Future of the Public's Health in The 21st Century စာအုပ်ထဲမှ The Role of Governments in Public Health အပိုင်းတစ်ခု ဘာသာပြန်လိုက်ခြင်းဖြစ်ပါသည်။

Related Posts :




Posted by Dr. Yi Yi Win

Public Health in Myanmar

0 comments: