၂၀၁၁ ခုနှစ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၉ ရက် နေ့က ရန်ကုန်မြို့ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ညီလာခံကို ဇန်န၀ါရီလ ၁၃ နေ့အထိ ကျင်းပမည်ဖြစ်ပြီး သုတေ သနစာတမ်း ၇၃ စောင်၊ ပိုစတာ ၂၄ စောင် ဖတ်ကြား တင်သွင်းသွားမည် ဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံမှသုတေ သီပညာရှင်များလည်း ပါဝင်ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
သုတေသနစာတမ်းများအပြင် ခေတ်မီခွဲစိတ်မှုနှင့် ပုံရိပ်ဖော်မှုနည်း ပညာ၊ ကျန်းမာရေးမူဝါဒနှင့် သုတေ သန၏အခန်းကဏ္ဍ၊ ခံတွင်းကျန်းမာရေး၊ ကင်ဆာရောဂါ၊ ဓာတ်ခွဲခန်း အတွင်း ဇီဝလုံခြုံမှုကျင့်စဉ်၊ သုတေ သနကျင့်ဝတ်၊ အ၀လွန်ရောဂါ၊ ပဋိဇီဝဆေးများ၏ရောဂါ ယဉ်ပါးလာခြင်း၊ မြန်မာနိုင်ငံ ငှက်ဖျားရောဂါ ထိန်းချုပ်ရေး ဆောင်ရွက်ချက်များ စသည့်ခေါင်းစဉ်များဖြင့် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများလည်း ပါဝင်မည်ဖြစ်သည်။
ဆေးနှင့်ဆေးပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ ဓာတုပစ္စည်း ရောင်းဝယ်ရေး ကုမ္ပဏီကြီးများမှ ပြခန်းပေါင်း ၂၄ ခန်း ပါဝင်ပြသခဲ့ကြောင်း သိရသည်။
ညီလာခံတွင် ဖတ်ကြားတင်သွင်းခဲ့သည့် စာတမ်းများနှင့် ပိုစတာများထဲမှ အကောင်းဆုံးပိုစတာဆု၊ အကောင်းဆုံး အခြေခံသုတေသန စာတမ်းဆု၊ အကောင်းဆုံး လက်တွေ့ အသုံးချ သုတေသနစာတမ်းဆု၊ အကောင်းဆုံး ကျန်းမာရေးစနစ် သုတေသနဆု စသည့်ဆုများကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ၂၀၁၀ ပြည့်နှစ်တွင် သုတေသနစာတမ်းပေါင်း ၉၄ စောင်နှင့် ပိုစတာ ၂၀ တို့ကို ဖတ်ကြား တင်သွင်းခဲ့ကြောင်း သိရသည်။
news-eleven.com
How to Get a Bonus in Pana365 Casino Bangladesh?
2 weeks ago
0 comments:
Post a Comment