စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, February 7, 2012

လှိုင်သာယာဖိနပ်စက်ရုံမှ အလုပ်သမားများဆန္ဒပြ

ဖေဖေါ်ဝါရီ ၆၊ ၂၀၁၂ (YPI)

လှိုင်သာယာမြို့ နယ်၊ စက်မှုဇုန်အမှတ် (၃)၊ သံချပ်ဝန် ဦးရွှေအိုးလမ်း ရှိ Tai Yi International ကုမ္ပဏီပိုင် ဖိနပ်စက်ရုံမှ အလုပ်သမားများ လုပ်ခလစာ ဖြတ်တောက်ခံရမှုနှင့်ပတ်သတ်ပြီး မကျေမနပ်ဖြစ်ကာ ယနေ့မနက်တွင် အလုပ်ခွင်မ၀င်ဘဲဆန္ဒပြခဲ့ကြကြောင်း ၎င်းအလုပ်သမားများဘက်မှ ဥပဒေပိုင်းဆိုင်ရာ ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးဖိုးဖြူကဆိုသည်။

တရုတ်နှစ်သစ်ကူးကာလတွင် အလုပ်ရှင်ဘက်မှ စက်ရုံငါးရက်ပိတ်ခဲ့ပြီး လစာထုတ်ချိန်တွင် ထိုငါးရက်စာ လစာအား အလုပ်သမားများထံမှ ဖြတ်တောက်လိုက်ခြင်းအပေါ် မကျေနပ်သဖြင့် ဆန္ဒပြကြခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး လှိုင်သာယာမြို့ နယ် အလုပ်သမားဦးစီးဌာန တာဝန်ရှိသူတစ်ဦးက '' အခုဟာက ညှိနှိုင်းဆဲကာလလို့ပြောလို့ရပါတယ်။ နှစ်ဘက်မပြေလည်မချင်းညှိနှိုင်းပေးမယ်။ လက်ရှိလည်း ညှိနှိုင်းနေပါတယ် '' ဟု ၀ိုင်ပီအိုင်သို့ ပြောကြားသည်။


ယခု Tai Yi ဖိနပ်စက်ရုံဆန္ဒပြမှုတွင် အလုပ်သမားပေါင်း တစ်ထောင်ဝန်းကျင်ပါဝင် ဆန္ဒပြခဲ့ကြောင်း၊ ယင်းစက်ရုံအတွင်းရှိ ဖွဲ့စည်းထားသော အလုပ်သမားအဖွဲ့မှ ဦးဆောင်ဆန္ဒပြခြင်းဖြစ်ကြောင်း

ဦးဖိုးဖြူက ဆက်လက်ပြောကြားသည်။


ထိုသို့ဆန္ဒပြခြင်းကြောင့် အလုပ်သမားများကို အာဏာပိုင်များမှ ဖမ်းဆီးခြင်းမရှိသေးသော်လည်း နောင်တွင်မူ

အလုပ်သမားခေါင်းဆောင်များကို သွယ်ဝိုက် အရေးယူမှုခံရနိုင်သည်ဟု ရှေ့နေဦးဖိုးဖြူကဆိုသည်။

'' ဖမ်းတာတော့ မဖမ်းဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ အလုပ်သမားခေါင်းဆောင်တွေကို အလုပ်ထဲမှာ ခွဲခြားဆက်ဆံတာတို့၊ နည်းနည်းကြာရင် အလုပ်ဖြုတ်တာတို့ လုပ်တတ်ကြတယ်။ ဒီလိုဖြစ်ရပ်တွေကို အကြောင်းအရာ တစ်ခုချင်းဆီလိုက်ဖြေရှင်း နေမယ့်အစား ဥပဒေတစ်ရပ်ခိုင်ခိုင်မာမာပြဌာန်းပြီးတော့ အလုပ်သမားတွေကို ကာကွယ်ပေးသင့်တယ်'' ဟုဦးဖိုးဖြူကဆိုသည်။



ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာလက အလုပ်သမားအဖွဲ့အစည်းဥပဒေကို ပြဌာန်းခဲ့သော်လည်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့် နည်းဥပဒေများကိုမူ အစိုးရက ပြဌာန်းပေးခြင်း မရှိသေးသည်ကို တွေ့ရှိရသည်။

အဆိုပါ အလုပ်သမားအဖွဲ့အစည်းဥပဒေပုဒ်မ ၃၈ (က) တွင် သက်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ ညွှန်ကြားချက်ဖြင့် သပိတ်မှောက်မည့် နေ့ရက်၊ နေရာ၊ ပါဝင်မည့်ဦးရေ၊ နည်းလမ်းနှင့် သပိတ်မှောက်မည့် အချိန်ကာလကို ဖော်ပြ၍ သတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာအလုပ်ရှင်နှင့် သက်ဆိုင်ရာ

ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ သပိတ်မှောက်မည့်နေ့ရက်မတိုင်မီ အနည်းဆုံး ၁၄ ရက်ကြိုတင် အကြောင်းကြားရမည် ဟုပါရှိသည်။


ပုဒ်မ ၃၉ တွင်လည်း အလုပ်သမားအဖွဲ့အစည်းဝင်အများစု၏ ဆန္ဒပြုချက်အရ အများပြည်သူဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းနှင့် အကျုံးမ၀င်သော လုပ်ငန်းများတွင် သပိတ်မှောက်ခြင်းပြုလိုသော အလုပ်သမားအဖွဲ့အစည်းသည် သက်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ ခွင့်ပြုချက်ဖြင့် သပိတ်မှောက်မည့်နေ့ရက်၊နေရာ၊ ပါဝင်မည့်ဦးရေ၊ နည်းလမ်းနှင့် အချိန်ကာလတို့ကို ဖော်ပြ၍ သတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာအလုပ်ရှင်နှင့် သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့သို့ သပိတ်မှောက်မည့် ရက်မတိုင်မီ

အနည်းဆုံးသုံးရက်ကြိုတင်အကြောင်းကြားရမည် ဟုပါရှိသည်။ ။

0 comments: