စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, February 19, 2012

ရွှေည၀ါဆရာတော် မှော်ဘီသို့ပြောင်းရွှေ့သီတင်းသုံး

မှော်ဘီမြို့နယ် သံဃာ့မဟာနာယကအဖွဲ့ဥက္ကဌဆရာတော် ဘဒ္ဒန္တ ဇနိန္ဒအား ဦးစွာဝင်ရောက် ဖူးမြော်ခဲ့သည်။ မဟနဆရာတော်မှ ရွှေည၀ါဆရာတော်အား စည်းကမ်းလိုက်နာ၍ သီတင်းသုံးနေထိုင်ပါရန် မိန့်ကြားခဲ့သည်။
ရွှေည၀ါဆရာတော် သီတင်းသုံးမည့် မြေကွက်လပ်အတွင်းရှိ ကြက်ခြံဟောင်းတွင် ဆရာတော်အား စောင့်ဆိုင်းနေကြသည့် ရဟန်းသံဃာများကို တွေ့ရစဉ်။
ကြက်ခြံဟောင်းအတွင်းမှ ရဟန်းတစ်ပါး။
ရွှေည၀ါဆရာတော် သီတင်းသုံးနေထိုင်မည့် တဲသင်္ခန်းအား ယခုမှ ဆောက်လုပ်နေကြသည်ကို တွေ့ရသည်။
ခြံဝင်းအတွင်း လာရောက်ဖူးမြော်ကြသည့် ပရိသတ်များ။
ရွှေည၀ါဆရာတော် ခြံဝန်းအတွင်းရောက်ရှိလာစဉ်။

ရွှေည၀ါဆရာတော် သီတင်းသုံးမည့် ခြံဝန်းအတွင်း ၀င်ရောက်လာစဉ်။

ရွှေည၀ါဆရာတော်သည် ယနေ့နေ့လည် ၁၂ နာရီခွဲခန့်တွင် ကြည့်မြင်တိုင်သာဓုကျောင်းတိုက်မှ ထွက်ခွာခဲ့ပြီး မွန်းလွဲ သုံးနာရီခန့်တွင် သီတင်းသုံးမည့် မှော်ဘီမြို့နှင့် ငါးမိုင်အကွာ သဲအင်းဂူအသွားလမ်းပေါ်ရှိ ငါးဧကအကျယ်ရှိ မြေကွက်လပ်သို့ ရောက်ရှိခဲ့သည်။ ရဟန်းရှင်လူ ၂၀၀ကျော်မှ ကားအစီးသုံးဆယ်ကျော်ဖြင့် လိုက်ပါပို့ဆောင်ခဲ့ကြသည်။ (ဓာတ်ပုံ-ဝေယံ)

7Day News Journal

0 comments: