စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, February 19, 2012

ကွယ်လွန်သူ ကင်ဂျုံအီလ် အနှစ် ၇၀ ပြည့်မွေးနေ့အတွက် စစ်ရေးပြပွဲပြုလုပ်


ကွယ်လွန်သူ ကင်ဂျုံအီလ် အနှစ် ၇၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းတွင် ဖေဖော်ဝါရီလ ၁၆ ရက်က စစ်ရေးပြပွဲတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်

လုပ်ကြံခံရပြီး သေဆုံးသွားပြီဟုသတင်းများ ထွက်ပေါ်ခဲ့ပြီးသည့်နောက်ပိုင်း မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအွန်က ပထမဆုံးအကြိမ် လူရှေ့ထွက်ခဲ့ခြင်းလည်း ဖြစ်သည်။

လူထောင်ပေါင်းများစွာ ပြည့်နှက်နေသောရင်ပြင်ကို ကြည့်ရှုနေသော ကင်ဂျုံအီလ်အငယ်ဆုံးသား ကင်ဂျုံအွန်နှင့် အကြီးတန်းတာဝန်ရှိသူများပုံကို နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်ခဲ့သည်။ ပြုံးနေသော ကင်ဂျုံအီလ် ပုံတူရုပ်ကြီးကို ချိတ်ဆွဲထားပြီး စစ်သားများက ကင်ဂျုံအီလ်နှင့် ၎င်း၏ ဖခင်ကင်အီဆွန်းတို့ကို အလေးပြုခဲ့သည်။

သေဆုံးခဲ့ပြီးဖြစ်သော ကင်အီဆွန်းနှင့် ကင်ဂျုံအီလ်တို့ကို စစ်သားများက လေးစားမှုရှိကြောင်း၊ လက်ရှိခေါင်းဆောင်ကင်ဂျုံအွန်ကို သစ္စာရှိမည်ဟု ကတိပြုခဲ့ကြောင်း နိုင်ငံပိုင် ဗဟိုသတင်းဌာနအေဂျင်စီ (KCNA) က ထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယားတွင်မူ မြောက်ကိုရီးယားမှထွက်ပြေးလာသူ နှစ်ဒါဇင်ခန့်သည် ပန်းခြံတစ်ခုတွင် တွေ့ဆုံခဲ့ပြီး ကင်ဂျုံအီလ်ကို ဝေဖန်ထားသည့်စာများ၊ ကင်ဂျုံအီလ်သည် ပြည်သူသုံးသန်းခန့်ကို ငတ်ပြတ်သေဆုံးစေကြောင်း ရေးထားသောစာများ၊ ဒီဗီဒီများ ပါဝင်သည့် ပူဖောင်းများအား လွှတ်တင်ခဲ့ကြောင်း သိရသည်။
လုပ်ကြံခံရပြီး သေဆုံးသွားပြီဟု သတင်းများထွက်ပေါ်ခဲ့ပြီးသည့်နောက်ပိုင်း မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအွန်
ပထမဆုံးအကြိမ် လူရှေ့ထွက်ခဲ့ခြင်းလည်းဖြစ်
လုပ်ကြံခံရပြီး သေဆုံးသွားပြီဟု သတင်းများထွက်ပေါ်ခဲ့ပြီးသည့်နောက်ပိုင်း မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအွန် ပထမဆုံးအကြိမ် လူရှေ့ထွက်ခဲ့ခြင်းလည်းဖြစ်

၂၀၁၂ ခုနှစ်တွင် နျူလက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယား၌ နိုင်ငံထူထောင်သူ ကင်အီဆွန်းမွေးနေ့ ရာပြည့်ကို ဧပြီလ ၁၅ ရက်၌ ပြုလုပ်မည်ဖြစ်ပြီး ယခုဖေဖော်ဝါရီလ ၁၆ ရက်မှာ ကင်ဂျုံအီလ်၏ အနှစ် ၇၀ ပြည့်မွေးနေ့ ဖြစ်သည်။ ကင်ဂျုံအီလ်နေရာ ဆက်ခံခဲ့သော ကင်ဂျုံအွန်လက်ထက်တွင် မြောက်ကိုရီးယားမူဝါဒများ ပြောင်းလဲသွားမည်မဟုတ်ကြောင်း ပြုံယမ်းက သတိပေးခဲ့ပြီး တောင်ကိုရီးယား လက်ရှိသမ္မတ လီမြောင်ဘတ် အစိုးရကို ဝေဖန်မှုများ ပြုလုပ်နေဆဲဖြစ်သည်။

တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာမှုများဖြစ်နေသည်မှာ နှစ်နှစ်နီးပါး ရှိပြီဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင်သစ်ဖြစ်လာသူ ကင်ဂျုံအွန်ကလည်း ဆိုးလ်၏ လက်ရှိအစိုးရနှင့် သဘောတူညီမှုများ ပြုလုပ်သွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။

Ref: CNN

0 comments: