စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, February 19, 2012

ရွှေည၀ါဆရာတော်အားနှုတ်ဆက်ပူဇော်ပွဲ






နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (မဟန) ရဲ့ ဆုံးဖြတ်ချက်ကြောင့် ကျောင်းတိုက်ကနေ ထွက်ခွာပေးရမယ့် ရွှေည၀ါ ဆရာတော်ဦးပညာသီဟ ရဲ့ နောက်ဆုံးနှုတ်ဆက်တရားပွဲ နဲ့  ပူဇော်ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တနင်္ဂနွေ နေ့ မနက် ၉ နာရီကနေ ၁၀ နာရီခွဲ အထိ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့ နယ်ရှိ သာဓုကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။ ဒီနှုတ်ဆက်ပူဇော်ပွဲကို ဆရာတော်ကို လေးစားကြည်ညိုတဲ့ ဒကာ၊ဒကာမတွေ၊ စာသင်သားရဟန်းတော်တွေ၊မယ်သီလရှင်တွေ၊နိုင်ငံရေး အကျဉ်းသားဟောင်းရဟန်းတွေ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ မျိုးဆက်သစ် လူငယ်ကျောင်းသား ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးနဲ့ ဘာသာရေးအသိုင်းအ၀ိုင်းမှ ပရိတ်သတ်ထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားအတွင်းမှာ ရွှေည၀ါဆရာတော်က တရားချီးမြင့်ခဲ့ပြီး၊ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုမင်းဇေယျ တို့ မှ နှုတ်ဆက်ဝမ်းနည်းစကားပြောကြားခဲ့ပါတယ်။ ရွှေည၀ါဆရာတော်က အခုလို ကျောင်းတိုက်ကနေ ထွက်ခွာပေးဖို့ လိုက်လျောခဲ့ရတာဟာ လက်ရှိစာသင်သား သံဃာတော်တွေရဲ့ ပညာရေးကို မထိခိုက်စေလိုတာနဲ့ ၊လက်ရှိသွားနေတဲ့ နိုင်ငံရေး ဖြစ်စဉ်အပေါ်မှာထိပ်တိုက်တွေ့ ဆုံမှုတွေ မဖြစ်စေလိုတာ တွေကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ဆရာသံဃာကို တပည့်ဒကာဒကာမတွေကသာ ပိုင်ဆိုင်ပြီး ဖိတ်ကြားသည့်သူ ရှိသည့်နေရာသို့ သွားရောက်ခဲ့ရသည့် အပေါ်တွင် မဟန အဖွဲ့ ၏ ဆုံးဖြတ်ချက် မှာ တရားမျှတမှုမရှိကြောင်း ဆရာတော်က ပြောကြားခဲ့ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကလည်း ဆရာတော်မှာထောင်သွင်း အကျဉ်းကျ ခံရဖူးပြီး မိမိတို့ လို နိုင်ငံရေးအကျဉ်းသားဟောင်း ဘ၀တူပင် ဖြစ်ကြောင်း၊ယခုလို အဖြစ်မျိုးထပ်မံကြုံတွေ့ ရသည့် အပေါ်တွင် ၀မ်းနည်းမိရကြောင်း ပြောကြားခဲ့ပါတယ်။ သာဓုကျောင်းတိုက်ကနေ ယနေ့ တနင်္ဂနွေ နေ့ မှာ ထွက်ခွာပေးရမယ့် ရွှေည၀ါ ဆရာတော်ဟာ မှော်ဘီ ရှိ ခြံဝန်းတခုမှာ ခေတ္တယာယီသွားရောက် သွားရောက် သီတင်းသုံးနေထိုင်မယ်လို့ သိရပါတယ်။
 

0 comments: