စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, March 6, 2012

ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော် ပုဗ္ဗသီရိ ဟောပြောပွဲ (ရုပ်/သံ)မဇ္ဈိမ


Daw Suu in Nay Pyi Daw 6.3.2012



တပ်မတော်ဟာ နိုင်ငံရဲ့အခြေခံဖြစ်ရမယ်။ တပ်မတော်ဟာ အပေါ်ကစိုးမိုးချင်တဲ့ဆန္ဒတွေမရှိရဘူး။ အရင်ခေတ်ကဆိုရင် တပ်မတောကို ပြည်သူက အင်မတန်ချစ်တယ်။ တပ်မတော်သားတွေက ပြည်သူကို အားကိုးရတယ်။ ငါတို့ရဲ့ သူရဲကောင်းတွေလာပြီဆိုတဲ့စိတ်နဲ့ ရွာသူရွာသားတွေကအစ ၀ိုင်းအားပေးကြတယ်။ တပ်မတော်သားတွေက ပြည်သူတွေဆီက အဓမ္မယူတယ်ဆိုတာ မရှိဘူး။ တစ်ဖက်နဲ့ တစ်ဖ...က်အပြန်အလှန် ချစ်ခင်ကြတယ်။ တပ်မတော်ကို လေးစားကြတယ်။ အဲဒီတုန်းက အမျိုးသမီးလေးတွေဆိုရင် တပ်မတော်သားတွေနဲ့ အိမ်ထောင်ပြုချင်ကြတယ်။ ဗိုလ်ကတော်ဖြစ်ချင်လို့မဟုတ်ဘူး။ တပ်မတော်သားတွေကို ဖေးမချင်လို့။ ကျွန်မတို့ရဲ့ တပ်မတော်ကို ကမ္ဘာ့အလယ်မှာ တင့်တယ်စေချင်တယ်။ ကျွန်မတို့ တပ်မတော်ကို ခေတ်မှီ တပ်မတော်ကြီးတစ်ခုဖြစ်စေချင်တယ်။ တိုင်းသူပြည်သားတွေကို ကာကွယ်ဖို့ပဲ မိမိတို့ အင်အားတွေကို သုံးရမှာ။ ဒါကြောင့် အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်က တပ်မတော်ကို အတိုက်အခံလုပ်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ကျွန်မတို့က ကြိုဆိုပါတယ်။ တပ်မတော်သားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲထည့်ပါလို့ ဆွယ်ပေးကြပါလို့လည်း ကျွန်မမေတ္တာရပ်ခံချင်ပါတယ်။ (ဒေါ်အောင်ဆန်းစုကြည် ပုဗ္ဗသီရိမြို့နယ်လူထုအား ယခု ၁၀နာရီ ခွဲတိတိက ပြောကြားနေသော မိန့်ခွန်းမှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)

(7 days new journal)

0 comments: