စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, March 7, 2012

ကလေးသူငယ်ကို အသက်မပြည့်ပဲ စစ်မှုထမ်းခိုင်း

HRWDNသို့ ကလေးစစ်သားကိစ္စ အကူအညီတောင်းခံစာ

ကလေးသူငယ်တွေကို အရွယ်မရောက်သေးခင် စစ်တပ်ထဲ သွတ်သွင်းခြင်းဟာ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရရော ထိခိုက်စေတာ အမှန်ပါပဲ။ ကလေးတွေကို စစ်တပ်ထဲမှာ ကြောက်ရွံ့မူဖြစ်စေတာ ကလေးတွေရဲ့ လွတ်လပ်မှုကို ချုပ်ချယ်တာတွေဟာ ကလေးတွေရဲ့ တိုးတက်လိုစိတ်၊ စူးစမ်းလိုစိတ်တွေကို ပိတ်ပင်ပြီး တခါတလေ ကလေးတွေကို ရိုင်းပြစေတဲ့ မသိစိတ်ကို နိုးဆွပေးသလို ဖြစ်နေတတ်ပါတယ်။ ကြောက်ရွံ့မှုဖြင့် ကြီးပြင်းလာသော ကလေးများဟာ စိုးရိမ်ပူပန်မှုတွေကို ဖြစ်စေတတ်သလို လူသားအဖြစ် တန်ဖိုးထားခြင်းမခံရတဲ့ ကလေးများဟာလည်း အခြားသူများရဲ့တန်ဖိုးကို နားမလည်ခြင်း၊ တခြားသူများရဲ့အခွင့်အရေးများကို တန်ဖိုးမထားခြင်းများလည်း ဖြစ်တတ်ပါတယ်။

အဲဒါကြောင့် ၁၉၈၉ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂအထွေထွေညီလာခံကနေ ကလေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး မြန်မာနိုင်ငံက ထိုစာချုပ်ကို ၁၉၉၁ခုနှစ်၊ ဇူလိုင်လ၊ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပြီးလည်းဖြစ်ပါတယ်။ ထိုစာချုပ်မှာ အပိုဒ်ပေါင်း (၅၄)ပိုဒ် ပါဝင်ပြီး
အပိုဒ်(၃၈)မှာ လက်နက်ကိုင် ပဋိပက္ခများမှာ ကလေးစစ်သား အသုံးပြုခြင်းကို တားမြစ်ထားပါတယ်။

သို့သော်လည်း ပုသိမ်မြို့ မနော်ဟရီ(၂)လမ်းက ဦးကုလား(ခ)ဦးအငယ်လေးရဲ့သား မောင်အောင်ကိုလတ်ကို အသက်မပြည့်ပဲ စစ်မှုထမ်းခိုင်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ထိုကိစ္စကို လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေးကွန်ယက်(HRWDN) ကနေ (ILO)ကို တာဝန်ယူတိုင်တန်း ဆောင်ရွက်ပေးနေတာကို တွေ့ရပါတယ်။ ထိုကွန်ယက်ကနေ ကလေးစစ်သားအပြင် လယ်သိမ်း၊ယာသိမ်းကိစ္စတွေကို တရားမျှတမှုတွေကိုဖြစ်အောင် လိုက်လံကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။




Burma VJ Media Network

0 comments: