စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, March 2, 2012

မန္တလေးမြိုအောင်ပင်လယ်ရွာ အရှေ့ဘက်၌ လူထုဟောပြောပွဲကြီးကျင်းပမည့် ကွင်းပြင်ရှိ စင်မြင့်

 (ဓာတ်ပုံ- ဥက္ကာကိုကို)
မန္တလေးမြို့၊ ဆဆ/၉လမ်း၊ ၅၀နှင့် ၅၁လမ်းကြား၊ အောင်ဇေယျလမ်းနှင့် ခိုင်ရွှေဝါလမ်းကြား၊ အောင်ပင်လယ်ရွာ အရှေ့ဘက်၌ လူထုဟောပြောပွဲကြီးကျင်းပမည့် ကွင်းပြင်ရှိ စင်မြင့်အား ယနေ့နေ့လည်က တွေ့ရစဉ်။


အောင်ပင်လယ် လယ်ကွင်းတစ်ဖက်တစ်ချက်မှာ LED Screen ကြီးတွေဆင်နေတဲ့ ရွှေမန်းမောင်များ။ ဓါတ်ပုံ-ဆိုင်းဆွတ်


နန်းမြို့ရိုးကိုနဂါးတစ်ကောင်ရစ်ခွေနေသလိုခံစားရတဲ့ပန်းချီလက်ရာနဲ့စကားပြောစင်မြင့်က ရွှေမန်းသားတွေ
ရဲ့ သောကကို ပြောပြနေတာများလား???? ဓါတ်ပုံ-မွန်မွန်မြတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် မတ်လ ၃ ရက်နေ့မှာ မန္တလေး တိုင်းခရီးစဉ်ကို သွားရောက်ဖို့ရှိနေတာကြောင့် မန္တလေးမြို့အနှံ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ ပြင်ဆင်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲ့ဒီနေ့မှာပဲ မန္တလေးမြို့ အောင်ပင်လယ်ကွင်းမှာ ဟောပြောဖို့ရှိနေပြီးတော့ မန္တလေးမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေကို သွားရောက် ဖူးမျှော်ဖို့လည်း ရှိနေတယ်လို့ မဟာအောင်မြေမြို့နယ်က NLD ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်က ပြောပါတယ်။ ဒီမန္တလေး တိုင်း စည်းရုံးရေးခရီးစဉ်အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်ဦးလွင်၊ စစ်ကိုင်း၊ တံတားဦး၊ မိထ္ထီလာနဲ့ နေပြည်တော်က မဲဆန္ဒနယ်တွေကို သွားရောက်ရှိနေပါတယ်။

0 comments: