စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, March 5, 2012

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဒက္ခိဏသီရီ မြို့နယ်က ဟောပြောချက်

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ လမ်းပျဉ်းမနားရွာမကွင်းသို့ ၀င်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည် လူထုအား နှုတ်ဆက်နေစဉ်။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)



ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိမြို့နယ် လမ်းပျဉ်းမနားရွာမကွင်း တွင် မိန့်ခွန်းပြောကြားနေစဉ်။ ဓါတ်ပုံ-ဆိုင်းဆွတ်

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်မှ လယ်ကွင်းပြင်အတွင်း လူထုအား ဟောပြောနေသော ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။
ဇဗ္ဗူသီရိမြို့နယ်ဟောပြောပွဲတွင် လူပေါင်း လေးသောင်းကျော်တက်ရောက်ခဲ့ကြသည်။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)

ဓာတ်ပုံ ဒီမိုဝေယံ၊ ဒီမိုကောင်းကင်

ကဲ အပြောနဲ့မဟုတ် မြင်ကွင်းနဲ့ သက်သေ..
နေပြည်တော် ဇမ္ဇူသီရိ

ပရိသတ်ပါ....

ဇဗ္ဗူသီရီမှာ အမေစုက ဒီထဲမှာ ဝန်ထမ်းတွေပါရင် လက်ညှိုးထောင်လို့ ဆိုတော့ ရဲရဲဝံ့ဝံ့လက်ညှိုးထောင်ကြကြောင်း လူဦးရေလည်း အင်မတန်များကြောင်း ထပ်မံဆက်သွယ်ရာမှ သိရှိရသည်... ရင်ထဲမှာ ရှိနေကြတာ ဒေါင်းမှဒေါင်းပါပဲဗျာ... ခေတ်မကောင်းလို့ ဖွတ်ယောင်ဆောင်နေရတာပါပဲ..

"ဒီထဲမှာဆိုလို့ရှိရင် ဒက္ခိဏသီရိမြို့နယ်က ပြည်သူတွေဟာ အင်မတန်မှ ဘ၀ကိုရုန်းကန်ရပါတယ် အဲဒီတော့ကျွန်မကပြောတယ် ဘ၀တူတွေဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘယ်လောက်ရုန်းကန်ရသလဲ ဆိုတာ အများသိပြီးသားဖြစ်ပါတယ် ။ အဲဒီတော့ ရုန်းကန်ရတဲ့လူခြင်း အတူတူတော့နားလည်မှုရှိတယ် ။ဘ၀မှာဘယ်လိုရုန်းကန်ရသလဲ ၊ဘ၀မှဘယ်လိုအခက်အခဲတွေနဲ့တွေ့ရသလဲ။ ကျွန်မတို့အဖွဲ့ချုပ်မှာဆိုလို့ရှိရင်ဆင်းဆင်းရဲရဲပင်ပင်ပန်းပန်းနဲ့ ရပ်တည်တဲ့ နေရာမှာအနှစ် နှစ်ဆယ်ကျော်သွားပါပြီ။ ဒါကြောင့်မို့လို့ ကျွန်မတို့က ပြည်သူတွေရဲ့ဆင်းရဲနွမ်းပါးမှုကို တစ်ကယ့်ကို လက်တွေ့ကျကျ နားလည်တဲ့ အဖွဲ့ဖြစ်ပါတယ်လို့ ကျွန်မပြောပါရစေ" ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နုတ်ချက် ၊ ဒက္ခိဏသီရိမြို့နယ်။

0 comments: