စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, March 6, 2012

သမိုင်းဆိုတာ ဖျောက်လို့မရသလို ချောင်ထိုးလို့လဲမရပါဘူး

သမိုင်းဆိုတာ ဖျောက်လို့မရသလို ချောင်ထိုးလို့လဲမရပါဘူး..။ မည်သူ ကောင်းတာလုပ်သည်ဖြစ်စေ မကောင်းတာလုပ်သည်ဖြစ်စေ သမိုင်းဟာ သမိုင်းပါပဲ.။

အဲ..... ချောင်ထိုးနေတဲ့သူတွေကကော ချောင်ထိုးခံနေရတဲ့သူတွေကပါ အရပ်သားတွေမဟုတ်တာကတော့ တော်တော်ရင်နာစရာကောင်းတဲ့ကိစ္စပါပဲ..။ ဗိုလ်ချုပ်က အစ .. ဦးနုအလယ် ဦးစောမောင်နဲ့ ဦးခင်ညွန့်အထိပါပဲ ... သူတို့ ကောင်းကောင်းမကောင်းကောင်း သူတို့သမိုင်းနဲ့သူတို့ ရှိရပါမယ်..။

မနေ့ညနေက အကြောင်းတိုက်ဆိုင်လို့ မင်းဓမ္မ ကုန်းတော်ပေါ်က ကျောက်တော်ကြီးဘုရားစီ ရောက်ခဲ့တယ်..... ဘုရားဖူးရင်း အပြန်မှာ ထူးခြားတဲ့ ပန်းချီကားကြီးကို တွေ့မိလို့ သေခြာကြည့်ရင်း ဓါတ်ပုံ ရိုက်ခဲ့တယ်.... ပုံထဲမှာ မြင်တဲ့အတိုင်း လူ တစ်ယောက်ရဲ့ တည်ရှိမှုကို ဖျက်ထားတဲ့ အရာဟာ ပန်းချီကားကြီး နေရာ တော်တော်များများမှာ တွေ့ရတယ်.... အားလုံးလည်း သိကြပါတယ် ကျောက်တော်ကြီး ဘုရားကို ရန်ကုန်မှာ တည်ဖြစ်အောင် ဘယ်သူ ကမကထ လုပ်ခဲ့တယ်ဆိုတာ..... သူ့ဟာသူ ကလေးကလား စိတ်နဲ့ မတွေ့ချင်လို့ ဖျက်တဲ့အတွက် ဘာကိုမှ မပြောလိုပါဘူး....

ဒါပေမယ့် အခုလောလောဆယ် တိုက်ဆိုင်နေတဲ့ ဒေါ်စု မဲဆွယ်ပွဲ ခရီးစဉ်တွေမှာ ကလေးကလား အနှောင့်အယှက်တွေ (တိုက်ဆိုင်တာလည်း ဖြစ်ကောင်း ဖြစ်မှာပါ..)ဟာ ဒီလိုစိတ်ဓါတ်မျိုးတွေက ဆင်းသက်လာတယ် ဆိုတာတော့ ယုံမှားသံသယ မရှိတော့ဘူး....... စဉ်းစားနိုင်ကြစေဖို့ပါ....

By: James Mmt ( Facebook )

0 comments: