စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, March 2, 2012

ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် မန္တလေးသားများကို မှတ်တမ်းတင်ထားရန် အာဏာပိုင်များအဆင့်ဆင့် ညွှန်ကြား


(2.3.2012 နံနက်ပိုင်းတွင် တွေ့မြင်ရသော NLD ခွပ်ဒေါင်းအလှပြယာဉ်)

ပြီးခဲ့သော ရက်များအတွင်း တစ်နေ့သ၌ ကျွန်ုပ်၏ မိတ်ဆွေတစ်ဦး မန္တလေးမြို့ပေါ်က ရဲစခန်းတစ်ခုအတွင်း အမှတ်မထင် ရောက်ရှိနေခိုက်

ရဲအချင်းချင်း (သို့မဟုတ်) ရဲမှ ရပ်ကွက်ရုံး (သို့မဟုတ်) ရဲမှ စစ်ကြံ့ဖွံ့ထောက်လှမ်းရေးသတင်းပေးတစ်ဦးဦးအား

ဖုန်းဖြင့် ညွှန်ကြားပြောဆိုနေသည့်အသံကို ကြားခဲ့ရရာ အကြောင်းအရာမှာ ဤသို့ဖြစ်၏။

"၂ဝ၁၂ ခုနှစ်၊ မတ်လ၊ ၃ - ၄ ရက်များတွင် ဒေါ်အောင်ဆန်းစုကြည်၏

မန္တလေးခရီးစဉ်ရှိ၏။ ဒေါ်အောင်ဆန်းစုကြည် မန္တလေးမှာ ရှိနေစဉ်အတွင်း သူမအားထောက်ခံသည့် အိမ်များက ဆိုင်းဘုတ်၊ ပိုစတာ၊ စာတမ်းများ တင်ကြလိမ့်မည်။ အဆိုပါ
အိမ်များကို စာရင်းပြုစု၊ မှတ်တမ်းတင်ထားရန်"ဟူသတည်း။

မန္တလေးမှ ရဲစခန်းတိုင်း၊ ရပ်ကွက်အာဏာပိုင်တိုင်း၊
စစ်ကြံ့ဖွံ့သတင်းပေးတိုင်း အနှီ တာဝန်ကို ယူကာ ဒေါ်အောင်ဆန်းစုကြည်အား
ထောက်ခံသည့်မန္တလေးအိမ်များစာရင်းကို စောင့်ကြည့်ရယူကြမည့်သဘောရှိ၏။

(လက်ရှိ နိုင်ငံတော် သမ္မတဆိုသူက အတည်ပေါက် နားဝင်ချိုစည်းရုံး-အပြစ်ကာ
စကားတွေကို မိန့်ခွန်းဆိုပြီး ပြောလိုက်။ သူ့အောက်က သူ့လူတွေက

အရင်စတိုင်မပြောင်း၊ နည်းညစ်နည်းဟောင်းတွေ သုံးလိုက်နဲ့ ပြဇာတ်ထဲမှာ

ရှေ့ကဇာတ်လိုက် သေနတ်ပစ်ပြတာကို ကန့်လန့်ကာ နောက်ကလူက ဗျောက်သံပေးဖို့ မေ့သလိုမျိုး

ဖြစ်နေပြီဗျို့။

ကဲ... မန္တလေးသားတွေဘာလုပ်ကြမလဲ။ ဒီသတင်းကို မျှဝေတာက ဒေါ်အောင်ဆန်းစုကြည်ကို

ထောက်ခံတဲ့နေရာမှာ မန္တလေးသားတွေ ရွံ့သွားစေဖို့၊ တွန့်သွားစေဖို့ လုံးဝ

မဟုတ်ပါဘူး။ စစ်ကြံ့ဖွတ်အဆိုးရကတော့ ဒီလို ဒီလို ကြိုတင်

ကြံစည်ပြင်ဆင်ထားကြပြီ...ဆိုတာ သိစေချင်လို့ပါ။ ဒီသတင်းကို သိရပြီးတဲ့နောက်

ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါ မန္တလေးသားတွေ ဘာလုပ်ကြမလဲ။)

ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံတဲ့နေရာမှာ "မကြောက်တမ်း မရွံ့တမ်း... မန်းသားတွေ အောင်ပန်း ဆွတ်ကြရပေမည်" ဆိုသည်ကိုဖြင့် ကျွန်ုပ်အနေနှင့် သံသယတစိုးတစိမျှမရှိ သေချာစွာ ယုံကြည်မိပါတော့သတည်း။ ။

(နားနှင့် ဆတ်ဆတ်ကြားခဲ့ရပြီး ပြန်လည် ဖောက်သည်ချသော မိတ်ဆွေကြီးအား ညိုကြီးက

ဤစာနှင့်အတူ အလေးပြုလိုက်ရပေကြောင်း)

ညိုကြီး

၂.၃.၂၀၁၂

0 comments: